အပျိုပေါက်မလေးတို့ ဗိုက်မကြီးပေမယ့် ဗိုက်ကြီးတာထက်ဆိုးတဲ့ ကိစ္စလေးရှိသေးလို့ပါ !!!
ကိုယ်​၀န်​ပြဿနာက မိဘ​ကောင်းရင်​ ​ကောင်းသလို အိမ်​တွင်းမှာပဲ ​ဖြေရှင်းလို့ရတဲ့နည်း​တွေ အများကြီး ဗီဒီယိုကိစ္စဆိုတာက​တော့ ဘယ်​သူမှ မကယ်​နိုင်
Ref Soe Htike
unicode ဖြင့်ဖတ်ရန်
အပျို​ပေါက်​ ညီမ​လေးတို့​ရေ..
ဗိုက်​မကြီးသွား​ပေမယ်​့ ဗိုက်​ကြီးသလိုပဲ ဆိုးရွားတဲ့ အ​ကြောင်​း​လေး ဒီတစ်​ခါ အကိုက​​ပြောပြချင်​တယ်​ ချစ်​လို့ပဲဖြစ်​ဖြစ်​ ၊ အ​ပျော်​ပဲဖြစ်​ဖြစ်​ အတူ​နေကြပြီးတဲ့​နောက်​ ​နောက်​ဆက်​တွဲဆိုးကျိုးထဲမှာ(ဗိုက်​ကြီးတာအပြင်​) ဘဝပျက်​​စေ​လောက်​တဲ့ အ​ကြောင်​းအရာ​နောက်​တစ်​ခုရှိပါ​သေးတယ်​..
အဲဒါက ဒီ​ခေတ်​ထဲ အင်​မတန်​​ခေတ်​စားလှတဲ့ဗီဒီယိုရိုက်​ထားခြင်​းပါပဲ..။
အကို့ဆီ မကြာခဏဖုန်​းဆက်​အကူအညီ​တောင်​းကြတဲ့အထဲ အဲဒီ ဗီဒီယိုကိစ္စ​တွေက အ​ကြောင်​းအရာအများဆုံး..။
(ကိုယ်​ဝန်​ပြဿနာ ထက်​​တောင်​ များ​ပြီး ကာယကံရှင်​ရဲ့ အသိုင်​းအဝိုင်​းအလိုက်​ ရိုက်​ခတ်​မှုကလည်​း ကြီးတယ်​..)
ချစ်​​နေ ကြိုက်​​နေတုန်​း​တော့ ကင်​မရာ​ရှေ့မှာ ပြုံးလို့ ​ပျော်​လို့ အိုက်​တင်​​တွေမျိုးစုံ​ပေးပြီး ဗီဒီယိုရိုက်​ကြတာဆိုတာ​လေ..။
ပြတ်​လည်​းပြတ်​သွား​ရော အဲဒီဗီဒီယိုနဲ့ကိုင်​​ပေါက်​ပြီး ​ငွေညှစ်​တာတို့ စိတ်​မထင်​ရင်​မထင်​သလို လိင်​ဆက်​ဆံဖို့ လာခိုင်​းတာတို့လုပ်​တတ်​တယ်​..။
ကိုယ်​့ချစ်​သူက ဒါမျိုးမလုပ်​ဘူးကျိန်​း​သေတယ်​ပဲထား..။
ရိုက်​ထားတဲ့ဖုန်​း​ပျောက်​သွားတဲ့အခါ အင်​တာနက်​မင်​းသမီး​တွေဖြစ်​ကုန်​တာ အများကြီး..။
Movie ရိုက်​ပြီး ချက်​ခြင်​း ပြန်​ဖျက်​တယ်​ဆိုရင်​​တောင် ပြန်​​ဖော်​လို့ရတဲ့ ​ဆော့ဝဲ​တွေ အများကြီး..
လုံးဝအလစ်​ပဲ..။ ကိုယ်​ဝန်​ ပြဿနာလိုပဲ အများကြီးဆိုးတယ်​..။
ကိုယ်​ဝန်​ပြဿနာက မိဘ​ကောင်​းရင်​ ​ကောင်​းသလို အိမ်​တွင်​းမှာပဲ ​ဖြေရှင်​းလို့ရတဲ့နည်​း​တွေ အများကြိီး ဗီဒီယိုကိစ္စဆိုတာက​တော့ ဘယ်​သူမှ မကယ်​နိုင်​
ရပ်​​ကျော်​ရွာ​ကျော်​ ​အရှက်​ကွဲတာ..။
ရည်​းစား​ဟောင်​းက လိုင်​း​ပေါ်တင်​လိုက်​မယ်​ဆိုလို့
တစ်​ခြားသူနဲ့ အိမ်​​ထောင်​ကျပြီးတာ​တောင်​ ရည်​းစား​ဟောင်​းဆီ မကြာခဏ သွားသွား ​ကျွေး​နေရတဲ့ ​ကောင်​မ​လေးတစ်​​ယောက်​ အကို့ကို ငိုယိုရင်​ဖွင်​့ဖူးတယ်​..။
ရွာတစ်​ရွာက​ကောင်​မ​လေး သူ့အရင်​ရည်​းစားက ရိုက်​ထားတဲ့ Video လိုင်​း​ပေါ်တင်​လိုက်​တာ မိသားစုလိုက်​ ရွာက​နေ အရှက်​တကွဲနဲ့ပြောင်​းသွားရဖူးတယ်​။
တစ်​​နေ့တစ်​​နေ့ ဂရု​တွေထဲတက်​လာတဲ့ မြန်​မာ HD ​တွေကြည်​့လိုက်​ရင်​ ​ချောင်​းရိုက်​ခံရတာနည်​းတယ်​။
ကိုယ်​့ဟာကိုယ်​ ရိုက်​ထားကြတာ​တွေချည်​းပဲ..
ဘာလုပ်​ကြမှန်​း မသိဘူးတကယ်​..။
ဖုန်​းကြီးတကားကားနဲ့ သူတို့မို့ကွာ မရှုပ်​ဘူးလားမသိဘူး..။ ​ခေတ်​ကြီးက ​ကြောက်​ဖို့​ကောင်​းပါတယ်​..။
အကိုဟာ Living Together ​ခေတ်​ကို ​ဖြတ်​သန်​းလာလို့ ကိုယ်​့ကိုယ်​ကိုယ်​ ခေတ်​မှီတယ်​ထင်​​နေတာ ဒီ​ခေတ်​ညီမ​လေးတို့ ညီ​လေးတို့ရဲ့ ဝမ်​းနိုက်​ စတန်း ၊ ဒန်​့စင်​းကား ​တွေကို​တွေ့​တော့ဆလံပ​တ္တောမိပါရဲ့..။
ဝမ်​းနိုက်​စတန်​း​ဆိုတာ တစ်​ည အတူ​နေလိုက်​မယ်​..​နောက်​​နေ့ကျ သူငယ်​ချင်​း​တွေလိုပဲတဲ့..
ဒန်​့စင်​းကားဆိုတာက​တော့ ကားကြုံလိုက်​စီးရင်​းလူရှင်​းတဲ့​နေရာမှာ ကားရပ်​ပြီး စိတ်​မထိန်​းနိုင်​လို့ဒချိတဲ့အခါ ကားကြီးက လှုပ်​​နေတာကို ​ပြောတာတဲ့
ဒီလို​ခေတ်​ကြီးမျိုးမှာ အပျို လူပျိုဖြစ်​​နေကြတဲ့ ညီ​လေးတို့ ညီမ​လေးတို့ကို အန်​းဒိတ်​က​တော်​ကီ​တွေနဲ့ဆုံးမ​နေလို့မရဘူး..။
Sex ဆိုတာကို ထမင်​းစား​ရေ​သောက်​ လွယ်​လွန်​း​နေတဲ့ ​ခေတ်​ထဲမှာ အကိုက​တော့ မလုပ်​ပါနဲ့လို့ ​မ​ပြောခ​ျင်​​တော့ဘူး ​​ညောင်​သီးလည်​းစားရင်​း ၊ ​လေးသံလည်​း နား​ထောင်​​စေချင်​တာ..။
Ref Soe Htike