(၇)နှစ်ကြာချစ်ခဲ့ကြပြီးနောက် အသက်ပြည့်တာနဲ့ လက်ထပ်ခဲ့ကြတဲ့ ဆရာနဲ့တပည့်






Unicode Version ဖြင့်ဖတ်ရန်

အသက်ကွာဟမှု မနည်းမနောရှိကြတဲ့ ချစ်သူစုံတွဲတွေ အကြောင်းကို ကြားဖူးကြမယ်ထင်ပါတယ်။ ဒါပေမဲ့ အခုဖော်ပြမယ့်သူနှစ်ယောက်ရဲ့ဇာတ်လမ်းလေးကို ဖတ်ပြီးသွားလျှင်တော့ လေးစားစရာကောင်းတဲ့ အချက်လေးတစ်ချက်ကို တွေ့ရမှာပါ။

အင်ဒိုနီးရှားနိုင်ငံမှ ကျောင်းဆရာတစ်ယောက်ဟာ အသက် (၁၄) နှစ်ကွာဟလှတဲ့ ကျောင်းသူတပည့်မလေးနဲ့ မထင်မှတ်ထားဘဲ ချစ်သူဖြစ်ခဲ့ကြပါတယ်။ ဆရာနဲ့တပည့်ဖြစ်ပြီး ကလေးမလေးက (၁၃) နှစ်သာရှိသေးတာကြောင့် သူတို့နှစ်ယောက်ရဲ့အချစ်ရေးကို ဘယ်သူကိုမှမပြောဘဲ သိုသိုဝှက်ဝှက် နေလာခဲ့ကြပါတယ်။

Erwin နဲ့ Vinda နှစ်ယောက်ရဲ့အချစ်ရေးမှာ မေတ္တာအရင်ရှိခဲ့သူကတော့ Vinda ပဲဖြစ်ပါတယ်။ Vinda ရဲ့ အတန်းထဲကို စာသင်ဖို့ အသစ်ပြောင်းလာတဲ့ ဆရာကတော့ Erwin ပါ။ Vinda ဟာ Erwin ရဲ့ သတိထားမိလာအောင် အတန်းချိန်မှာ စာကြိုးစားပြလေ့ရှိပြီး အတန်းပြီးသွားသည့် တိုင်အောင် အိမ်မပြန်သေးဘဲ စာမေးစရာရှိလို့ဆိုပြီး နေ,နေခဲ့ပါတယ်။

ဒီလိုနဲ့အနေနီးကာ ချစ်သူရည်းစားဘဝသို့ ရောက်ရှိခဲ့ပါတယ်။ အထက်တန်းအောင်ပြီး နောက်ပိုင်းမှာတော့ Erwin နဲ့ ပေါ်ပေါ်တင်တင် စတွဲခဲ့သော်လည်း ပတ်ဝန်းကျင်ရဲ့ အထင်မြင်သေးရှုံ့ချမှုတွေကို ခံခဲ့ရပါတယ်။ ဒီစကားတွေကို အံတုရင်းနေ အချစ်တွေ ပိုမိုခိုင်မြဲလာပြီး Vinda လေး အသက် (၂၀) ပြည့်တဲ့ ၂၀၁၈ ခုနှစ်မှာတော့ တရားဝင် လက်ထပ်ယူခဲ့ကြပါတယ်။

ဘဝကို အတူတူဖြတ်သန်းဖို့အတွက် မေတ္တာတရားတွေနဲ့ (၇) နှစ်ကြာအောင် သစ္စာရှိရှိနဲ့ စောင့်ခဲ့ကြတာပါ။ ဆရာတပည့်ကနေ အခုဆိုလျှင်တော့ ဇနီးမောင်နှံအဖြစ်သို့ ရောက်ရှိခဲ့ပါပြီ။