ဘာနေ့မှာမွေးတာလဲ? မှန်မမှန် ထောက်ဖတ်သွားနော်😍…

တနင်္ဂ​နွေ​ သားသမီး​….

တနင်္ဂ​နွေ​ သားသမီး​တွေက အရမ်းကြီး မထူးဆန်း​ ပေမဲ့… အခြားလူ ​တွေနဲ့ ကွဲပါးတဲ့ စရိုက်​​တွေကို ပိုင်​ဆိုင်​ထား သူ​တွေပါ… ဒါ​ကြောင့် သူတို့ဟာ အခြား လူ​တွေနဲ့ ကွဲပါး​နေတတ် ​ကြပါတယ်​…

တနင်္ဂ​နွေ သားသမီး​တွေဟာ စာဖတ် ​ဝါသနာ ပါကြတယ်​… ဗဟုသုတကို လိုက်​စားတယ်​… အအိပ်​မက် တယ်​ အစားမကြီးဘူး… ဒါ​ပေမဲ့ ခဏ ခဏ စား​နေတတ်​ တာမျိုး… ​ဒေါသကြီး​ပေမဲ့ ​ကောက်​ရိုးမီး လိုမျိုး… ခဏပဲ…. ပြီးရင်​ သူမဟုတ် ​သလိုမျိုး… စိတ်​ဆိုး စိတ်​​ကောက်​ လွယ်​တယ်​…. ဒါ​ပေမဲ့ ​စိတ်​​ပြေလွယ် ​တယ်​.. ဒါ​ကြောင့်​မို့ သူတို့ဟာ ချစ်​စရာ ​ကောင်း​နေတတ် ​ကြပြန်​ ​ရော…. ချစ်​သူ အ​ပေါ် အနိုင်​ယူလိုတဲ့ စိတ် ​ရှိတယ်​… ကိုယ့်​ချစ်​သူကို ကိုယ့်ရဲ့ အလိုကျအတိုင်း ဖြစ်​​စေချင်​တဲ့ သူမျိုး… အရမ်းလည်း ချစ်​တတ်​ကြတယ်.. အချစ်​ကြီးပြီး အချစ် ​အတွက်​ဆို တဇွတ်​ထိုးနိုင်​တဲ့ သူ​တွေပါ.. ဒါ့​ကြောင်​ အချစ်​​ရေးမှာ ကံညံ့တယ်​လို့ နည်းနည်း​ပြောရမယ်​… ဦး​ဆောင်​လိုစိတ် ​ပြင်းပျတယ်​.

နေရာတကာ ဆရာကြီးလုပ်​တဲ့ သူမျိုး မဟုတ်​​ပေမဲ့ … ဦးဆောင်​နိုင်​တဲ့ အရည်​အချင်း အပြည့်​အဝ ရှိသူ​တွေပါ… မိသားစုကိုလည်း ချစ်​တတ်​ကြတယ်​.. အ​ပေါင်းအသင်း မက်​တယ်​…. ဘယ်​​နေရာမှာဖြစ်​ဖြစ်​ သူတို့က ဦးစား​ပေး နံပါတ်​ တစ်​ ဖြစ်​ချင်​တဲ့ သူမျိုး​တွေပါ..

သူငယ်​ချင်း​တွေ အ​ပေါ် အမြဲ အနစ်​နာ ခံတတ်​တယ်​..ခံစားရတာ ​တွေကိုလည်း မျိုသိပ်​ထား တတ်​ကြတယ်​.. ဒါ​ကြောင့် အများ​ရှေ့မှာ ပြုံး​ပျော်​​နေ​ပေမဲ့ ကွယ်​ရာမှာ တိတ်​တိတ်​​လေး ကျိတ်​ပြီး ခံစားတဲ့သူမျိုး ​တွေပါ… အထူးအခြားဆုံး အချက်​က တနင်္ဂ​နွေ သားသမီး​တွေက အစွဲအလမ်း ကြီးလွန်းတာပါပဲ…

တနင်္လာသားသမီး…

တနင်္လာတွေဟာ မိတ်ဆွေ ပေါများတယ်။ လူချစ်လူခင်လည်း ပေါများတဲ့ နေ့နာမ် ပိုင်ရှင်တွေ ဖြစ်တယ်။ ဒေါသထွက် တတ်ပေမဲ့ အပြင်မှာ ထုတ်ပီး အရမ်းမပွားပါဘူး။ မိသားစုအပေါ်မှာ ဆိုရင်တော့ နဲနဲ စိတ်မရှည်တတ်ဘူး။ အစွဲအလန်း ကြီးပါတယ်။ တစ်ယောက်ဆို တစ်ယောက် အပေါ်မှာဘဲ စွဲလမ်းနေတတ်တယ်။ စကားပြောရင် ဆွဲဆောင်မှုရှိစွာနဲ့ ပြောဆိုတတ်တာ တနင်္လာပါ

ခင်ရတဲ့ အပေါင်းအသင်းနဲ့ စကားပြောနေချိန် စိတ်ရှည်စွာနဲ့ စိတ်ဝင်တစား လက်ခံ နားထောင်ပေး တတ်တယ်။ ကိုယ်ကိုတိုင်လည်း ပျော်ရွှင်စွာနဲ့ နေတတ်သလို သူများကို ပျော်ရွှင်မှုတွေ တခါတရံ ဖန်တီးပေးတတ်တယ်။ သူငယ်ချင်းတွေ မိတ်ဆွေတွေကို မက်မောစွာနဲ့ ခင်တွယ် တတ်တယ်။ အလုပ်လုပ်တဲ့ နေရာမှာလည်း စဉ်းစားတွေးခေါ်နိုင်စွမ်း ရှိတယ်။

စိတ်ကူး အမြင် ကျယ်တယ်။ ဗူးဆို ဖရုံ မသီးတတ်ဘူး။ ဖြစ်ချင်တာကို အမြန်ဆုံး အကောင်အထည် ဖော်ရမှ ကျေနပ်တာ တနင်္လာပါ။ တခါတလေတော့ အလုပ်လုပ်တဲ့ နေရာမှာ ဖြစ်ချင်တာနဲ့ ဖြစ်သွားတာ နဲနဲလေး လွဲချော်နေတတ်တယ်။ တနင်္လာတွေဟာ ကိုယ့်ရဲ့ရှေ့မှာ စိတ်မကောင်းစရာ တစ်ခုခု တွေ့မြင်ရရင် သနားတတ်တယ်

တတ်နိုင်ရင် ကူညီလိုတဲ့စိတ် အပြည့်အဝ ရှိပါတယ်။ သို့ပေမဲ့ ကိုယ်မကြိုက်တဲ့ အရာဆိုရင်တော့ စိတ်လက်ပြတ်သားတယ်။လူတစ်ယောက်ကို ခင်ရင်လည်း သံယောဇဉ်ရှိစွာနဲ့ ပေါင်းသင်းတတ် ကြပါတယ်။ ကိုယ့်အပေါ် ကောင်းတဲ့လူဆိုရင် မမေ့တတ်စွာနဲ့ လိုက်လျောညီထွေစွာ ခင်မင်တတ်တယ်။ ချစ်ဖို့ကောင်းတဲ့ စိတ်ထားလေးတွေ ပိုင်ဆိုင်ထားကြတာ တနင်္လာပါ။ တနင်္လာတွေဟာ လူတစ်ယောက်ရဲ့ စိတ်ကို အတွင်းကျကျ လေ့လာတတ်တယ်။

စကားပြောတဲ့ နေရာမှာ ပွင့်လင်းမှု ရှိတယ်။ ကိုယ်မကြိုက်တဲ့ အရာတွေကို ပြောချင်တဲ့ စကားရှိရင် အားမနာတမ်း တိုက်ရိုက် ပြောတတ်တာ တနင်္လာပါ။ တနင်္လာတွေဟာ မှန်နေရင် ဘာကိုမှ ဂရုမစိုက်ပဲ နေသလောက်၊ မှားနေရင်တော့ တောင်းပန်ဖို့လည်း ဝန်မလေးတတ်ဘူး။
အပေါင်းအသင်းတွေ ကြားမှာလည်း ယုံကြည်မှု အပြည့်အဝ ရှိရှိနဲ့ နေတတ်တာ တနင်္လာပါ။ တနင်္လာလေးတွေဟာ စိတ်ကူးယဉ် ဆန်တယ်။ အားနေတဲ့ အချိန်တွေမှာ စာဖတ်တာတွေ ဗဟုတုသတွေကို လေ့လာရတာ နှစ်သက်တဲ့ နေ့နာမ်တွေပါ။

အင်္ဂါ သားသမီး…

အင်္ဂါ သားသမီး အများစုဟာ သူတို့ ချစ်သူ အပေါ်မှာ သစ္စာရှိကြတယ်။ ချစ်ပြီဆိုရင်လည်း နှစ်ယောက်မရှိသလို မုန်းပြီ ဆိုရင်လည်း ပြန်လှည့် မကြည့်တတ်ကြဘူး။ ပြီးတော့ သူတို့ ဟာ အပြောအဆိုလေးတွေက အမြဲ ချစ်စရာ ကောင်းနေပြီး ရုပ်လေးကလည်း စွဲဆောင်မှု ရှိနေတတ်တယ်။

အင်္ဂါ သားသမီးအများစုဟာ စိတ်ဓာတ်ပိုင်း ဆိုင်ရာမှာ ပျော့ညံပြီး အလွယ်တကူ ဝမ်းနည်းတတ်ကြပေမဲ့ ဖြစ်လာသမျှ အခက်အခဲတိုင်းကို ဆုံးဖြတ်ချက် အခိုင်အမာ နဲ့ ဇွဲဝိရိယ ရှိရှိ စဉ်းစား ဆင်ခြင်ပီး ဖြေရှင်းနိုင်ကြတယ်။

အင်္ဂါ သားသမီးလေးတွေဟာ အပြင်ပန်းကြည့်ရင် ချေတယ် ထင်လောက်အောင် အပြောခံရပေမဲ့ သူ့တို့စိတ်ဟာ အမျိုးမျိုးပါပဲ ပေါင်းကြည့်မှသာ သိတာပါ။ သူ့တို့လေးတွေဟာ အထီးကျန် တတ်ကြပါတယ်။ ဒါပေမဲ့ တခါလေမကျ ဘာကိုမှ မတွေးပဲ ပျော်ပျော်နေ တတ်ကြတယ်။ သူတို့လောက် အစားအသောက် ကြိုက်တာ သူတို့ပဲ ရှိတယ်။

သူတို့ ဟာ ကလေးတယောက်လို ပျော်တတ်ပေမဲ့ တခါလေကျ တယောက်တည်း တိတ်တိတ်ဆိတ်ဆိတ် နေတတ်ကြတယ်။ သူတို့ မှာ ရုပ်ရည်ချောမောတဲ့အတွက် ရည်းစားရှိတယ် အထင်ခံရပီး တကယ်တမ်းကျ အချစ်ရေးမှာ ကံမကောင်းကြဘူး

ဗုဒ္ဓဟူး​ သားသမီး​လေး…

ဗုဒ္ဓဟူး​ သားသမီး​လေး ​တွေက​တော့ အရမ်း စိတ်​ကြီးတဲ့ သူ​တွေ ဖြစ်​ပါတယ်..​ သူတို့​လေး​တွေက ညဏ်​​ကောင်းသ​လောက်​ အပျင်းကြီးတဲ့ သူ​တွေလည်း ဖြစ်​တယ်​…. ဒါ​ကြောင့်​ ပညာ​ရေးမှာဖြစ်​ဖြစ်​ စီးပွား​ရေးမှာ ဖြစ်​ဖြစ်​ ​အောင်မြင်​သင့်သ​လောက် ​မ​အောင်​မြင်​ဘူး… ဒါ​ကြောင့်​ ​အောင်​မြင်​ဖို့ဆို ကြိုးစားအားထုတ်​မှု ​လေး​တွေ ရှိမှ ဖြစ်​မယ်

အမှန်​တရားကို လက် ​ခံတယ်​.. ဒါ​ပေမဲ့ သူတို့​လေး​တွေ ဆီမှာ ဘယ်​သူကိုမှ မ​ပြောပြတဲ့ လျှို့ဝှက်​ချက်​​လေး​တွေ ရှိ​နေတတ်​ကြတယ်​….​ တစ်​​ယောက်​ထဲ ​နေရတာကိုပဲ သ​ဘောကျတယ်​… အ​ပေါင်းအသင်း သိပ်​မရှိ​ပေမဲ့ မိတ်​​ဆွေ ​ပေါတယ်​…. သူတစ်​ပါး အကူအညီ လိုရင်​ ​ပေးတတ်​ကြ​ပေမဲ့ ကိုယ်​က သူတစ်​ပါးဆီကို အကူအညီ မ​တောင်းတတ်​ကြဘူး……. (များ ​သောအားဖြင့်​​ပေါ့)

ဒါ​ကြောင့် အားနာကြီးတယ်​ လို့​ ပြောရမယ်​.. အနုပညာ ဝါသနာကြီးတယ်​… အနုပညာ ထဲမှာမှ ဂီတကို ပိုပြီး ရူးသွပ် ​ကြတယ်​…. တစ်​ခါတစ်​​လေ ကိုယ့်​ကိုကို အထီးကျန်​ ​နေသလိုမျိုး ခံစားရတတ်​တယ်​…. အချစ်​​ရေးမှာ အသင့်​သင့်​ပဲ… ချစ်​သူခင်​သူ ​ပေါ​ပေမဲ့ တစ်​​ယောက်​ဆို တစ်​​ယောက်​ သစ္စာ ရှိတတ်​ကြတယ်​..

စိတ် ​နာသွားရင်​လည်း လှည့်​မကြည့် တတ်​ကြဘူး… အချစ်​ကို မရူးသွပ်​ဘူး.. မကိုးကွယ်​ဘူး…. ဒါ​ကြောင့်​ အချစ်​နဲ့ ပတ်​သက်​ပြီး အရမ်း​ကြီး မခံစားရတတ်​ဘူး… စကားနည်း ​လေ့ရှိ​ပေမဲ့ သူတို့​ပြောချင်​ရင်​ ​​စက် ​သေနတ်​ပစ်​သလို တရစပ်​ ​ပြော​နေ​လေ့ ရှိတယ် ​(သူတို့ ရင်းနှီးတဲ့ သူ ​တွေကိုပဲ).. ခပ်​တည်​တည်​​ နေတတ်​တဲ့ အကျင့်​​ကြောင့် မာနကြီးသလို အထင်​ခံ ရတတ်​တယ်​…

မိသားစုမှာ ဝိုင်းပြီး ဂရုစိုက်​ ခံရတတ်​တယ်​.. စိတ်​အရမ်းကြီးတယ်​ ဒါ့​ကြောင့် ​ဒေါသကြီးတယ် ​လို့ ထင်​ရတယ်​.. သူတို့​လေး​တွေရဲ့ အထူးခြားဆုံး အချက်​က လက်​​တွေ့ ဆန်​ဆန်​ ဘဝကိုပဲ နှစ်​သက်​တတ်​ကြတာပါ…

ကြာသပတေးသားသမီး…

ကြာသပတေးသားသမီးတွေက ကိုယ့်ထက်ကြီးတဲ့ သူတွေအပေါ် အားထားနှစ်လိုစိတ် ရှိကြတယ်။ ကျောင်းသား ကျောင်းသူဘဝကို ပိုမို ပျော်မွေ့တတ်ကြတယ်။ အတတ်ပညာပိုင်း ဆိုင်ရာတွေမှာ ဝါသနာကြီးတယ်။ ရယူလိုစိတ် ထက်သန်ကြတယ်။ သူတို့ယုံကြည်တဲ့ ဆရာသမား မိဘများအပေါ် အလွန်ကောင်းကြတယ်။ ငြိမ်းချမ်းရေးကို လိုလားကြသူတွေပေါ့။ အရမ်းစိတ်ညစ်ရမဲ့ ပတ်ဝန်းကျင်တွေကို ရှောင်ခွာတတ်ကြတယ်.. ပေါ့ပါးရွင်လန်း လိုစိတ် ရှိတယ်။

လွတ်လပ်စွာ နေထိုင်လိုစိတ် ရှိကြတယ်။ ဝါသနာအလျောက် ဓာတ်ပုံရိုက် ဗွီဒီယိုရိုက် မှတ်တမ်းတင်တာတွေ သဘောကြတတ်တယ်။ အရည်အသွေး ကောင်းတွေ ပိုင်ဆိုင်ကြတယ်။ ကျီစယ်လိုစိတ် ရှိတတ်ကျတယ်။ အသိဉာဏ်ရှိတယ်။ ဗဟုသုတအနေနဲ့ စိတ်ပိုင်းဆိုင်ရာ ထက်မြက်တယ်။ လုပ်ငန်းပိုင်းတွေမှာ လုပ်ရင် တော်တယ် ထက်တယ်။ မျော်လင့်ချက်ကြီးတယ်။ အကူအညီးပေးတဲ့ အလုပ်တွေ လုပ်တာ ဝါသနာပါတယ်။

မာနကတော့ အရမ်းမကြီးဘူး။ စိတ်မရှည်တတ်ဘူး။ စိတ်ဆိုးစိတ်ကောက် လွယ်တယ်။ အားနည်းချက်အနေနဲ့ ယုံကြည် လွယ်တတ်တယ်။ ရှုပ်ပွေတာကို မုန်းတယ် သစ္စာတရားကို တန်ဖိုး ထားတတ်တဲ့စိတ် အပြည့်ရှိတယ်။ ပညာရေး ကောင်းတယ်။ ရုပ်ချောချော မချောချော စတိုင်ရှိခေတ်မှီနေရင် ငယ်ရွယ်ပြီး သွက်လက်တဲ့ သူတွေကို သဘောကြနှစ်သက်ကြတယ်။ ခေတ်မှီ စတိုင်ရှိနေတဲ့သူတွေဆိုရင် မေတ္တာသက်ဝင် ချစ်ခင်မိတတ်တဲ့ ခလုတ်လေးက မွေးရာပါ ပါလာတဲ့သူမျိုး။ ရောဂါခံစား ရလွယ်တယ်။ သူတို့ဟာ ငယ်ရွယ်ချိန်မှာဆို စကားပြောနှေးတယ်။ ဉာဏ်ရည်ဖွံ့ဖြိုးမှု နည်းပါးတတ်ကြတယ်။

အသက်ကြီးချိန်ဆို သတိထားကြတာ အကောင်းဆုံး။ မတော်တဆမှု ဖြစ်လွယ်တယ်။ စိမ်းစိုနေတဲ့နေရာကို နှစ်သက်ကြတယ်။ သံယောဇဉ် ကြီးတယ်။ စိတ်ရှည်သည်းခံ တတ်တယ်။ ပြတ်သားတယ်။ ဘဝကိုပြည့်စုံအောင် ဖန်တီးတတ်ကြတယ်။ ပညာနဲ့ ပတ်သတ်လာရင် ကြီးကြီးသေးသေး လေ့လာတယ် လိုက်စားတယ်။ အတွေးအမြင်က ခိုင်မာတယ်။ မိမိနဲ့ သိပ့်ဟန်မကျရင် ဖျက်ဆီးတတ်တယ်။ ထိမ်းသိမ်းတာကို ဝါသနာပါတယ် လုပ်ရည်ကိုင်ရည်ရှိတယ်။ အဖွဲ့အစည်းနဲ့ဆိုရင် ခေါင်းဆောင်ပိုင်းမျိုးကိုမှ နေရာယူတတ်တယ်။

လျို့ ဝှက်ပြီး နေတတ်တယ်။ သိုသိပ့်ကျစ်လစ်တယ်။ ကိုယ့်ရဲ့ခံယူချက်ကို သူများနဲ့ထပ်ကျ အောင်လုပ်ဆောင်တတ်တယ်။ သူတစ်ပါး ဒုက္ခပေးတာ အကြိမ်ကြိမ် ခံရတတ်တယ်။ ကိုယ့်ပတ်ဝန်းကျင်က ရန်လိုတိုက်ခိုက်လာရင် သိုသိပ့်ပီး ထိုးနှက်တတ်တယ်။ ရှောင်ရှားတတ်တယ်။

ကိုယ်နဲ့ဆက်ဆံ ပြောဆိုနေကျတဲ့ သူတွေကို သူတို့ အလေ့အကျင့်အတိုင်း လိုက်လျော နေတတ်တယ် သိတတ်တယ်။ လူချစ်လူခင် ပေါများတယ်။ အချစ်ကြီးတယ် အမြတ်လဲကြီးတယ်။ သစ္စာရှိတယ် ကတိတည်တယ်။ စိတ်ရှည် သည်းခံတယ်။ မိသားစုအပေါ် အရမ်းသိတတ်တယ်။ မိဘတွေက အားကိုးကြတယ်။ နှစ်လိုတယ် အပေါင်းအသင်းပေါများတယ်။ မာနကြီးတယ် ထင်ရပေမဲ့ ပေါင်းမိရင် အရမ်း စိတ်သဘောထား ပြည့်ဝတတ်တယ်။ အချစ်ရေးအတွက်ကတော့ အဆင်ပြေပါတယ်။ ကောင်းမွန်တဲ့ဘဝနဲ့ အချစ်ရေး သင့်မြတ်နေသူပါပဲ။

သောကြာ သားသမီး​…

သောကြာ သားသမီး​လေး​ တွေက​တော့ အရိုးသားဆုံး သူ​လေး​တွေပါ… သူတို့ဟာ အရာရာကို အ​လေးအနက်​ ထားတတ်​ကြတယ်​.. အပျင်း မကြီးတတ်​ဘူး… အစား မမက်​ဘူး.. တခါတလေတော့ စကားပြောရင် တဖက်လူ နားညီးအောင် ပြောတတ်ကြတယ်.. မိသားစုအ​ပေါ် အမြဲ အနစ်​နာခံ တတ်​တဲ့ သူ​တွေပါ…..

သူတို့ဟာ ဘဝကို ရဲရဲဝင့်ဝင့် ရင်​ဆိုင်​ရဲ ကြတယ်​.. ​စိတ်​တို လွယ်​သလို စိတ်​​ပြေလည်း လွယ်​တယ်​…. ​ဒေါသမကြီး​ပေမဲ့ အငြိုးအ​တေး ကြီးတတ်​ကြတယ်​… တစ်​ခုခုဆို ခံစား လွန်းတတ်​တယ်​ မျက်​ရည်​လွယ်​တယ်​ ကိုယ်​ ခံစားရတာ​တွေကို ဘယ်​သူ့မှ ​ပြောမပြဘဲ တစ်​​ယောက်​ထဲ ကျိတ်​ခံစားတတ်​တဲ့ သူမျိုး….

သိုသို သိပ်​သိပ်​​ နေတတ်​ကြတယ်​… ​လောဘမကြီးဘူး…… အချစ်​ကြီးသ​လောက်​ အချစ်​​ရေးမှာ ကံမ​ကောင်းဘူး…. ကိုယ်​ချစ်​တဲ့သူ​က… ကိုယ့်​ကို အမြဲ စိတ်​ဆင်းရဲ ​စေတတ်​တယ်​… ​ခေတ်​မှီမှီ ​နေခြင်းထက်​… ရိုးရိုး​လေး​ နေတာကို ပိုသ​ဘောကျ တတ်​တယ်​… ဒါ​ပေမဲ့ သူ့​နေရာနဲ့သူ… ဝတ်​တတ်​ စားတတ်​တယ်​… မုသား မ​ပြောတတ်​ဘူး..

သူငယ်​ချင်း​တွေ ထဲမှာလည်း အမြဲ အနစ်​နာ ခံတတ်​တယ်​….. ချစ်​သူပဲ ဖြစ်​ဖြစ်​ မိသားစုပဲ ဖြစ်​ဖြစ်​ သူငယ်​ချင်း အ​ပေါင်းအသင်းပဲ ဖြစ်​ဖြစ်​ အမြဲ သူတို့​ကပဲ အနစ်​နာခံ တတ်​ကြတယ်​… အချစ်​ဦးမှာ ကံအရမ်း ဆိုးတတ်​တယ်​.. ​တစ်​​ယောက်​တည်း ​နေရတာကို သ​ဘောကျတယ်​.. သီချင်း​လေး​တွေကသာ သူတို့ရဲ့ အ​ဖော်​ဖြစ်​တယ်​.. စိတ်​ကူးယဉ် ​တတ်​တယ်​… တစ်​ခုခုဆိုလဲ အရမ်း စိုးရိမ်​လွန်​ တတ်​တယ်​… ​သောကြာ သားသမီး​လေး​တွေရဲ့ အထူးခြားဆုံးက အနစ်​နာ​ ခံနိုင်​တာပါ…

စနေသားသမီး…

စနေသားသမီး တွေက လူ့ဘဝကို စရောက်ပီ ဆိုကတည်းက စိတ်ကြီးတတ်ကြပါတယ်။ ဒေါသဖြစ်ပီ ဆိုရင်လည်း အရာဝတ္ထုတခုခုနဲ့ ကိုယ့်အသားကို နာကျင်အောင် လုပ်တတ်တယ်။ ပြောချင်တဲ့စကားကို သွယ်ဝိုက် မပြောတတ်ဘဲ တိုက်ရိုက် ပွင့်ပွင့်လင်းလင်း ပြောတတ်တယ်။ အစွဲအလန်း ကြီးတယ်။

အမှတ်တရတွေကို သတိရနေတတ်တယ်။ ကိုယ့်အပေါ် ကောင်းတဲ့လူဆိုရင် လွယ်လွယ်နဲ့ မမေ့တတ်ကြဘူး။ ဒေါသကြီးရင်လည်း သူများနဲ့ မတူအောင်ပါပဲ။ စိတ်ကြီးတယ် မဟုတ်မခံတတ်ဘူး။ အချိန် ခနလေးနဲ့ ဒေါသအရမ်း ထွက်တတ်ပေမဲ့ ဟုန်းခနဲ ထတောက်တဲ့ မီးလို ဒေါသတွေက ခနပဲ။ ကြာကြာတော့ စိတ်ထဲမထားတတ်ဘူး။ ကိုယ့်ရှေ့မှာ သတ္တဝါတွေမြင်ရင် ချစ်တတ်တယ်။ သနားတတ်တဲ့ စိတ်ထားရှိကြတယ်။ မျက်နှာတည်ပီး ရင်ထဲမှာတော့ တကယ်ခင်တတ်တဲ့ စိတ်ထား အပြည့်အဝ ရှိတယ်။

အနေအေးပေမဲ့ ကိုယ့်ကို လာခင်တဲ့ လူတွေနဲ့ဆို ဖော်ရွေစွာ နေတတ်ပါတယ်။ သူငယ်ချင်းတွေရဲ့ အချစ် ခင်မင်မှုတွေကိုလည်း လိုချင်ကြတယ်။ မိသားစုတွေရဲ့ ဂရုစိုက်မှုကိုလည်း ခံချင်ကြတာလည်း စနေပါ။ စိတ်ဆိုးနေရင် မျိုသိပ်မထားတတ်ဘူး ဖွင့်ပြောမိတတ်တယ်။ ပြောပီးရင်လည်း အကြောင်းတခုကို အပြန်ပြန်အလှန်လှန် စဉ်းစားတတ်ပီး စိတ်မကောင်း ဖြစ်နေတတ်တာလည်း စနေပါဘဲ။ ချစ်သူနဲ့ဖြစ်ဖြစ် သူငယ်ချင်းနဲ့ပဲဖြစ်ဖြစ် ရန်ဖြစ်ပီး မခေါ်ကြရင် ကိုယ်က ဘယ်တော့မှ အရင်စ မခေါ်ချင်ကြဘူး မာနအိုးတွေပါ။


သူ့ဘက်က စခေါ်ပီဆိုရင်လည်း သူ့ထက် 2 ဆ ခင်မင်ပြတတ်တယ်။ ခင်ရတဲ့သူတွေကို ကိစ္စတွေတိုင်း မပြောပြတတ်ဘူး။ အချို့သော အရာတွေကို လျှို့ဝှက်ထားတတ်တယ်။ ကိုယ်လုပ်တဲ့ ကိစ္စတွေတိုင်းကို လက်ကြောတင်းအောင် အကောင်းဆုံး လုပ်ကြပါတယ်။ ကိုယ်လုပ်ထားတဲ့ အရာတွေကို အကောင်းပြောလည်း ခံချင်ကြပါတယ်။ သီချင်းတွေ ဒဏ္ဍရီစိတ်ကူးယဉ် ဆန်ဆန်တွေကို နှစ်သက်ကြတယ်။ တခါတလေ တယောက်ထဲရှိရင် သီချင်းတွေ ညည်းနေတတ်တယ်။ အိမ်မက်တွေကိုလည်း အမျိုးမျိုးအထအန ကောက်တတ်ကြတယ်။ အမျှော်အမြင်ကြီးတယ် တိုးတက်ချင်တဲ့ စိတ်တွေ အင်မတန် ရှိတယ်။ စိတ်သဘောထား ကောင်းတတ်ကြတာ စနေပါ