၇ရက်သားသမီး ဟောစာတမ်း (21.3.2019 မှ 27.3.2019 အထိ)

တနင်္ဂနွေ
ဒီကာလအတွင်း မိမိစိတ်ကူးနဲ့ အကောင်အထည်ဖော်ထားတဲ့ကိစ္စတွေရှိရင်တော့ လက်တွေ့လုပ်ဆောင်လို့ သင့်တော်တဲ့အချိန်ပါပဲ။ အသစ်သစ်များကိုဖန်တီးခြင်း၊ လုပ်ငန်းသစ်၊ဆိုင်သစ်စတင်ဖွင့်လှစ်ခြင်း၊ ဘုရားပင့်ဆောင် ကိုးကွယ်ပူဇော်ခြင်းများ အထူးဆောင်ရွက်နိုင်ပါလိမ့်မယ်။ အလုပ်စီးပွားနဲ့ပက်သက်လာရင် ရဲရဲရှေ့တိုးဆောင်ရွက် မှပဲအဆင်ပြေမှုတွေကိုရရှိပါလိမ့်မယ်။

ကျန်းမာရေးစောင့်ရှောက်မှုနဲ့ပက်သက်သောအလုပ်အကိုင်များ တိုးတတ်ပါ လိမ့်မယ်။ အလုပ်ဟောင်းထက်အသစ်ထပ်မံတိုးချဲ့ထားတဲ့အလုပ်သစ်တွေမှ အကျိုးအမြတ်တွေရရှိပါလိမ့်မယ်။ ၀န်ထမ်းများ နယ်ထွက်ရတာ အခြားရုံးခွဲမှာ ယာယီတာဝန်ထမ်းဆောင်ရပါလိမ့်မယ်။ မိမိရဲ့ကျန်းမာရေးကတော့ အနည်းငယ်အားနည်းနေတတ်ပါတယ်။ ခရီးထွက်ရလို့ ရေပြောင်းမြေပြောင်းဖြစ်ရတာကစလို့ ကျန်းမာရေးညံ့သွား တတ်ပါတယ်။အချစ်ရေးနဲ့ပက်သက်ပြီးတော့လဲ အထူးကောင်းပါတယ်။ အဆင်မပြေလမ်းခွဲရမလိုဖြစ်နေတဲ့အချစ် ရေးတွေပြန်လည်ပြေလည်တတ်ပါတယ်။အိမ်ထောင်ရေးနဲ့ပက်သက်ပြီး သာယာမှုတွေကိုပေးပါလိမ့်မယ်။ ပညာရေးနဲ့ပက်သက်ပြီးတော့လဲ ကံပေးတာကြောင့်မိမိသာဝီရိယနည်းနည်းပိုစိုက်လိုက်ရင် အလွန်ကောင်းပါလိမ့် မယ်။

အကျိုးပေးဂဏန်း 1/4/6
အထူးဟော ကံသင့်ပါတယ်။
ယတြာ မြေပဲလေးကြော်ပြီး ဘုရားကပ်လှူလိုက်ပါ။

တနင်္လာ
ဒီလိုကာလမျိုးမှာတော့ မိမိဖြစ်ချင်တာတွေကို ဖြစ်အောင်လုပ်သွားနိုင်ပါလိမ့်မယ်။ အလုပ်တွေအတွက် လုပ်သလောက်တိုးတတ်မှုတွေကိုကြုံရပါလိမ့်မယ်။ အလုပ်တွေကောင်းပေမဲ့ ငွေကြေးအခက်အခဲတော့ရှိတတ်ပါ တယ်။ ဆိုင်များဈေးရောင်းကောင်းပေမဲ့ အကြွေးကျနေတာမျိုး၊ ကန်ထရိုက်များ အလုပ်ရှိပေမဲ့ ငွေမကျသေးတာ မျိုးတွေဖြစ်တတ်ပါတယ်။ကျန်းမာရေးနှင့်ပက်သက်သောအထူးကောင်းပါတယ်။ ကျန်းမာရေးဒေါင်ဒေါင်မြည်ပါ လိမ့်မယ်။ စားဝင်အိပ်ပျော်မဲ့နေ့ရက်တွေလဲဖြစ်ပါတယ်။ စပ်တူလုပ်ခြင်းများ၊ ငွေစုမဲစုခြင်းများ၊အကျိုးတူပူးပေါင်း ဆောင်ရွက်ခြင်းများ ဒီကာလမှာအထူးရှောင်ရှားသင့်ပါတယ်။ မိမိအတွက် အများငွေကြောင့်ဒုက္ခရောက်တတ်ပါ တယ်။ သူများကိုအာမခံပေးတာမျိုးရှောင်သင့်တဲ့ကာလပါ။

အချစ်ရေးကိစ္စတွေမှာတော့ အမိအဘတွေ အသိုင်းအ၀ိုင်းတွေရဲ့ သွေးထိုးစကားတွေကြောင့်ချစ်သူချင်းစကားများရတတ်ပါတယ်။ အိမ်ထောင်ရေးသာယာနိုင် ခြေက ၅၀%တော့ရှိပါတယ်။ ဒါကြောင့်ပဲရန်ဖြစ်လိုက်ပြန်ချစ်လိုက်ဖြစ်နေရတတ်ပါတယ်။ ပညာရေးမှာတော့ အဘက်ဘက်ကအဆင်ပြေမှုတွေကိုကြုံတွေ့ရမဲ့နေ့ရက်လဲဖြစ်ပါတယ်။

အကျိုးပေးဂဏန်း 0/2/5
အထူးဟော ငွေကြေးအရှုပ်အရှင်းဖြစ်ရတတ်ပါတယ်။
ယတြာ ကလေးတွေကို မုန့်ဝယ်ကျွေးပါ။

အင်္ဂါ
ဒီကာလအတွင်း စိတ်ကောင်းနှလုံးကောင်းမွေးပြီးတော့ မေတ္တာတရားနဲ့နေထိုင်တတ်ဖို့လိုပါတယ်။ မိမိကို စိတ်တိုစိတ်ညစ်လာစေမဲ့အခြေအနေတွေ အကြောင်းတရားတွေပေါ်လာတတ်ပါတယ်။ ဒါကြောင့်ဒေါသတရားရှေ့ ထားရင်တော့မှားရတတ်ပါတယ်။ စိတ်ပင်ပန်းရပေမဲ့လူသက်သာရမဲ့နေ့ရက်ပါပဲ။ အပျော်အပါးတော့မလိုက်စားမိ ပါစေနဲ့။ ရောဂါကူးစက်တတ်ပါတယ်။ လောင်းစကားလုပ်မိရင် ရှုံးမဲမဲပြီးထပ်လောင်းမိတာကြောင့် ငွေကြေးနစ်နာ မှုတွေအထူးဖြစ်ရတတ်ပါတယ်။ လောင်းကစားမလုပ်မိပါစေနဲ့။ အလုပ်ထဲမှာတော့နေရာကောင်းရတာ၊လုပ်ပိုင်ခွင့် တွေရလာတာမျိုးတွေ အထူးကြုံရတတ်ပါတယ်။

မိမိရဲ့ကျန်းမာရေးကတော့ အနည်းငယ်အားနည်းပါတယ်။ ကျန်း မာရေးနဲ့ပက်သက်ပြီးတော့ လေထိုးလေ့အောက်ဖြစ်ရတတ်ပါတယ်။ စိတ်ဝင်စားမှုတွေ၊ စိတ်အားထက်သန်မှုတွေ တော့ ပျောက်ဆုံးနေတဲ့နေ့ရက်လဲဖြစ်ပါတယ်။ အချစ်ရေးနှင့်ပက်သက်သော ကိစ္စအ၀၀အဆင်ပြေတတ်ပါတယ်။ အိမ်ထောင်ရေးမှာတော့ လက်ရှိအိမ်ထောင်ဘက်အပေါ်သစ္စာရှိပါ။ ဖောက်ပြန်မှုတွေမလုပ်ပါနဲ့။ ပညာရေးကဏ္ဍမှာ တော့အထူးကောင်းပါလိမ့်မယ်။ ကြိုးစားသမျှအရာထင်ပါလိမ့်မယ်။

အကျိုးပေးဂဏန်း 1/3/6
အထူးဟော စိတ်လေလွင့်နေတတ်ပါတယ်။
ယတြာ သစ္စာပန်းဘုရားကပ်လှူလိုက်ပါ။

ဗုဒ္ဓဟူး/ရာဟု
ဒီကာလအတွင်း အနည်းငယ်ပင်ပန်းတာမျိုးရှိတတ်ပါတယ်။ ဒါကလဲ အလုပ်တွေတိုးတတ်မှုကြောင့်ပဲ မအားလပ်ရတာမျိုးတွေအထူးဖြစ်ရတတ်ပါတယ်။ ကိုယ်ပိုင်အလုပ်များ အလုပ်အော်ဒါတွေများပြီး အလုပ်များရ တတ်ပါတယ်။လခစားဝန်ထမ်းများလဲ အလုပ်တွေများတာကြောင့် အချိန်ပိုဆိုတာမျိုးတွေဆင်းနေရတတ်ပါတယ်။ မိမိရောင်းလိုသောပစ္စည်းများ ရောင်းထွက်မဲ့နေ့ရက်တွေပါပဲ။ အလှပြုပြင်ခြင်းများ၊ မျက်နှာပြုပြင်ခြင်း တွေကိုတော့ဒီနေ့မှာရှောင်လိုက်စေချင်ပါတယ်။ ကျန်းမာရေးကတော့ အခက်အခဲများရတတ်ပါတယ်။

ကျန်းမာ ရေးအရမ်းညံ့နေတာမျိုးမဟုတ်ပေမဲ့ နေမထိထိုင်မသာနဲ့ တရှောင်ရှောင်ဖြစ်ရတတ်ပါတယ်။ သားသမီးများ အဝေး သွားပြီး ပညာရှာတာမျိုး၊အလုပ်သွားလုပ်တာမျိုးတွေလဲ ကြုံရတတ်ပါတယ်။ စိတ်ဝင်စားစရာကိစ္စတွေလုပ်နိုင်မှာ မဟုတ်ပါဘူး။ မိမိရဲ့ကိုယ်ပိုင်အချိန်လေးတွေနည်းသွားတတ်တဲ့နေ့ရက်တွေလဲဖြစ်ပါတယ်။ အချစ်ရေးကတော့ အထူးကောင်းပါတယ်။ ချစ်သူနဲ့ဆုံဖို့တွေ့ဖို့ခဲယဉ်းပေမဲ့ ဖုန်းနဲ့တော့ အလွမ်းသည်ရပါလိမ့်မယ်။ အိမ်ထောင်ရေးက တော့ တကျက်ကျက်အလွန်ပဲဖြစ်လွယ်တဲ့ နေ့ရက်တွေပါပဲ။ ပညာရေးကတော့ ဆရာအတု၊အယောင်တွေနဲ့တွေ့ရ တတ်ပါတယ်။

အကျိုးပေးဂဏန်း 2/4/7
အထူးဟော အနည်းငယ်ကိုယ်ပင်ပန်း၊စိတ်ပင်ပန်းရမည်
ယတြာ ဘုရားရှင်အားရွှေဆိုင်းရွှေသင်္ကန်းကပ်လှူလိုက်ပါ။

ကြာသပတေး
ဒီကာလအတွင်း စိတ်ထဲမှာသူတော်ကောင်းစိတ်လေးကိန်းအောင်နေတတ်ပါတယ်။ ဒါကြောင့်ပဲ သူတော် ကောင်းစိတ်နဲ့ နေထိုင်လုပ်ကိုင်ခြင်းမျိုးတွေအထူးကောင်းပါတယ်။ ဘာသာရေးကိစ္စများ ဦးစားပေးလုပ်ကိုင်လေ အဘက်ဘက်ကအဆင်ပြေလေပါပဲ။ အမိအဘဘိုးဘွားတွေကို၊ကျေးဇူးရှိဖူးသူတွေကို ကန်တော့တာမျိုးဆောင် ရွက်သင့်တဲ့ကာလပါပဲ။ အလုပ်နဲ့ပက်သက်သော အကြံအစည်များ၊ အရေးကြီးတဲ့ဆုံးဖြတ်ချက်များ၊ အရေးကြီးတဲ့ စာချုပ်စာတန်းချုပ်ဆိုခြင်းများ အထူးကောင်းပါတယ်။ လက်ထပ်ထိမ်းမြားဖို့၊စေ့စပ်ဖို့၊မင်္ဂလာစကားပြောဖို့ကိစ္စတွေ ဒီကာလမှာအလေးပေးဆောင်ရွက်နိုင်ပါတယ်။

ကျန်းမာရေးနဲ့ပက်သက်သောအထူးအဆင်ပြေပါလိမ့်မယ်။ ဆေးစား ဆေးသောက်အထူးကောင်းပါတယ်။ ကျန်းမာရေးဒေါင်ဒေါင်မြည်ပါလိမ့်မယ်။ အချစ်ရေးနဲ့ပက်သက်ပြီး စိတ်ချမ်းသာရပါလိမ့်မယ်။ အိမ်ထောာင်ရေးကတော့ အထူးကောင်းပါတယ်။အိမ်ထောင်ရေးသာယာပျော်ရွှင်ပါလိမ့် မယ်။ ပညာရေးကတော့ အားရစရာကောင်းတဲ့ကာလပါပဲ။ ပညာအသစ်ရှာဖွေလို့အထူးကောင်းပါတယ်။ ကိုယ်တိုင် self-study လုပ်ခြင်းမျိုးတွေကိုလဲစတင်သင့်တဲ့ကာလပါပဲ။

အကျိုးပေးဂဏန်း 1/3/5
အထူးဟော ကံမြင့်မားနေမည်။
ယတြာ ကျေးဇူးရှိသူကို ထောက်ပံ့လိုက်ပါ။

သောကြာ
ဒီကာလ မှာ စပ်တူအလုပ်များနှင့် ပွဲစားအလုပ်များ အထူးကောင်းပါလိမ့်မယ်။ အနုစိပ်အသေးစိပ် လုပ်ငန်း များလဲ အဆင်ပြေ အောင်မြင်ပါလိမ့်မယ်။ online စီးပွားရေးလုပ်ငန်းများလဲ ဒီကာလမှာအရောင်း သွက်ပါလိမ့် မယ်။ ဖုန်းနဲ့ဆက်စပ်ပစ္စည်းများ ၀ယ်ယူလို့ အထူးပဲကောင်းမွန်ပါတယ်။ ၀န်ထမ်းများရာထူးတိုးခြင်း ၊မျက်နှာသာပေး ခြင်းမျိုးတွေ ဖြစ်လာ ပါလိမ့်မယ်။ဒီကာလဟာ ဒေသန္တရ ဗဟုသုတတွေရလွယ်ပါတယ်။မရောက်သော ဒေသတွေ ကိုခရီးထွက်ဖြစ်ပါလိမ့် မယ်။ စိတ်ကူးထားတဲ့အတိုင်း လက်တွေ့မှာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ပါ လိမ့်မယ်။ သူငယ်ချင်းမိတ်ဆွေ တွေနဲ့အတူ ပျော်စရာအချိန်တွေကိုဖြတ်သန်းနိုင်ပါလိမ့်မယ်။ မိသားစုနဲ့ဘုရားဖူး ခရီးထွက်ရတာမျိုးတွေကြုံရတတ်ပါတယ်

ကျန်းမာရေးကတော့ အညံ့နည်းပါတယ်။ ကျန်းမာရေးကတော့ဒီကာလ မှာနာတာရှည်ရောဂါခံစားရသူတွေတောင် ထူထူထောင်ထောင်ဖြစ်လာတတ်ပါတယ်။ အချစ်ရေးနှင့်ပက်သက် သောအထူးကောင်းပါတယ်။ချစ်သူဆီကလိုချင်တဲ့အဖြေမျိုးတွေရလာတတ်ပါတယ်။အိမ်ထောင်ရေးကတော့ စိတ်ပူ စရာမရှိသေးပါဘူး။ ပညာရေးကတော့ သင့်ရုံတော့ ကောင်းပါတယ်

အကျိုးပေးဂဏန်း 2/8/6
အထူးဟော စိတ်ချမ်းသာရမည်
ယတြာ သစ်သီးဆွမ်းဘုရားကပ်လှူလိုက်ပါ။

စနေ
ဒီကာလအတွင်း အတွေးအခေါ်တွေ၊ ဆုံးဖြတ်ချက်တွေမှားနေတတ်ပါတယ်။ ဒါကြောင့်ပဲအရေးကြီးတဲ့ လုပ်ငန်းကိစ္စများ ဆုံးဖြတ်လုပ်ကိုင်ရတော့မယ်ဆိုရင်နားလည်သူကို တိုင်ပင်ပါ။ အလုပ်တွေကို မသေချာဘဲစတင် တာမျိုးတွေရှောင်သင့်ပါတယ်။တစ်ယောက်ထဲ ချွန်ပြီးဘာမှမလုပ်ပါနဲ့၊ အဖွဲ့အစည်းနဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အပေးအယူမျှမျှလုပ်ကိုင်လိုက်ပါ ။ အဆင်ပြေသွား ပါလိမ့်မယ်။ အရွယ်ရောက်ပြီးတဲ့သားသမီးတွေရှိရင်တော့ သားသမီးကြောင့်ပူပန်ရတာ ငွေကုန်ရတာမျိုးတွေရှိ တတ်ပါတယ်

မိမိတို့အတွက်ကောင်းသောအကျိုး ဆက်တွေ ရဖို့ ဒီနေ့မှာအားနာတာမျိုးကိုရှောင်လိုက်စေချင်ပါတယ်။ ကျန်းမာရေးကတော့ အလွန်ကောင်းပါတယ်။ နာမာကျန်း ဖြစ်နေသူတောင်မှ နေ့လို့ထိုင်လို့ကောင်းပြီး ထူထူထောင်ထောင်ဖြစ်လာပါလိမ့် မယ်။ အချစ်ရေးမှာ ချစ်သူရဲ့ အထင်လွဲမှုက ကြီးမားလွန်းနေတတ်ပါတယ်။ အိမ်ထောင်ရေးမှာတော့ အိမ်ထောင်ဘက်က ခရီးများနေတာ ကြောင့် ဆုံချိန်နည်းပါးနေတတ်ပါတယ်။ အိမ်တွင်းရေး၊မိသားစုအတွင်းအပူလေးတွေရှိနေတတ်ပါတယ်။ ပညာရေး ကတော့ အထူးကြိုးစားဖို့လိုအပ်ပါတယ်

အကျိုးပေးဂဏန်း 3/5/7
အထူးဟော ကံအားနည်းနေမည်။
ယတြာ ပရဟိတအလုပ်တွေများများလုပ်ပါ။