အဆိုတော်ကြီး အငဲရဲ့သီချင်းနဲ့ အကယ်ဒမီ ညစာစားပွဲကြီးမှာ သီဆိုဖျော်ဖြေပေးခဲ့တဲ့ တိုင်ရွန်

ပျိုပျိုမေမေတို့ရဲ့ ပါးစပ်ဖျားမှာ စွဲထင်ကျန်နေခဲ့ရတဲ့ မော်ဒယ် သရုပ်ဆောင် တိုင်ရွန်ဟာဆိုရင် အားလုံးသော ပရိသတ်တွေရဲ့ ချစ်ခင်မှုကို ရရှိထားခဲ့ရတဲ့ သူတစ်ယောက်ဆိုလည်း မမှားပါဘူး။ အများရဲ့ ချစ်ခင်မှုကို ရရှိထားခဲ့ရတဲ့ သူကတော့ မတ်လ ၂၄ ရက်နေ့မှာ ကျင်းပတဲ့ အကယ်ဒမီရရှိသော အနုပညာရှင်တွေအတွက် ဂုဏ်ပြုညစာစားပွဲကြီးမှာ အဆိုတော်ကြီး အငဲရဲ့ “မျှော်လင့်ခြင်းကွင်းပြင်” သီချင်းနဲ့ အပီအပြင် သီဆိုဖျော်ဖြေပေးရင်း ဂုဏ်ပြုပေးထားခဲ့တာပဲ ဖြစ်ပါတယ်။

ဘယ်သူမှ ထင်မှတ်မထားကြတဲ့အချိန်မှာ အငဲရဲ့ သီချင်းကို အပီအပြင် သီဆိုပြသပေးထားခဲ့တဲ့ တိုင်ရွန်ရဲ့ “မျှော်လင့်ခြင်းကွင်းပြင်” သီချင်းလေးကို မိုမိုလေး ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေ ဖော်ပြပေးလိုက်ပါတယ်။ တိုင်ရွန်တစ်ယောက် အငဲရဲ့ သီချင်းကို ဘယ်လိုတွေ သီဆိုပြသပေးသွားလဲဆိုတာ သိရှိရအောင် ဆက်လက်ပြီး ကြည့်ရှုအားပေး သွားကြပါဦးနော်။

တိုင်ရွန်ကတော့ အငဲရဲ့ သီချင်းကို အပီအပြတ် ဟဲပြီးကို သီဆိုထားတာနော်။ အရမ်းမိုက်လို့ အကြိုက်ပိုရပြီပေါ့ ကွီးရယ်။

တိုင်ရွန်ရဲ့ “မျှော်လင့်ခြင်းကွင်းပြင်” သီချင်း video

အကယ်ဒမီဆုရရှိခဲ့ကြတဲ့ အနုပညာရှင်တွေအတွက် အငဲရဲ့ သီချင်းနဲ့ ဂုဏ်ပြုသီဆိုပေးထားခဲ့တဲ့ တိုင်ရွန်အတွက် ပရိသတ်ကြီးလည်း ကျေနပ်နှစ်သက် အားရမိမယ်လို့ ထင်ပါတယ်။ “မျှော်လင့်ခြင်းကွင်းပြင်” သီချင်းနဲ့ ပရိသတ်တွေ မထင်ထားရလောက် အပီအပြင်သီဆိုပြသပေးထားခဲ့တဲ့ တိုင်ရွန်ကို သီချင်းလေးနားထောင်ရင်း သဘောကျ အချစ်ပိုမိတယ်ဆိုရင် Share ပေးသွားကြဖို့ မမေ့ပါနဲ့ဦးနော် ချစ်ပရိသတ်ကြီးရေ။