ခေတ်လူငယ်စုံတွဲတွေ လိုက်မမှီနိုင်လောက်အောင် ရိုလိုက်တဲ့ ဒါရိုက်တာကိုပေါက် ရဲ့ ချစ်ဇနီးအပေါ်ထားရှိတဲ့ချစ်ခြင်း

သရုပ်ဆောင်ဘ၀မှ ဒါရိုက်တာဘ၀ကို ပြောင်းသွားခဲ့တဲ့ ဒါရိုက်တာကိုပေါက်ဟာဆိုရင်တော့ လက်ရှိအချိန်မှာ သာယာပျော်ရွှင်ဖို့ကောင်းတဲ့ မိသားစုဘ၀ကိုလည်းပိုင်ဆိုင်ထားပါတယ်။ လက်ရှိအချိန်မှာတော့ ချစ်ဇနီးနဲ့ အိမ်ထောင်သက်တမ်းကလည်း ၁၀နှစ်တင်းတင်းပြည့်သွားခဲ့ပြီဖြစ်ပါတယ်။ အချိန်ကြာရှည်စွာ လက်တွဲထားခဲ့သလို ပျော်ရွှင်ဖို့ကောင်းတဲ့ မိသားစုလေးရဲ့ အိမ်ထောင်ဦးစီးဖြစ်သူ ဒါရိုက်တာ ကိုပေါက်မှာတော့ အိမ်ထောင်ရေးသုခကိုဖန်တီးနိုင်တဲ့ သော့ချက်တစ်ခုတော့ ရှိမှာအမှန်ပါပဲ။ မည်သို့ပင်ဆိုစေကာမူ အိမ်ထောင်သက်တမ်း ၁၀နှစ်ပြည့်ပေမယ့်လည်း လူငယ်စုံတွဲတွေလိုရိုဆန်နေတဲ့ အကြောင်းအရာလေးတစ်ခုကိုပြောပြချင်ပါတယ် ။မိုမိုလေးနဲ့တူတူလိုက်ပါစီးမြောကြည့်ရှုလိုက်ရအောင်လား။

ချစ်ဇနီးဖြစ်သူနဲ့ အိမ်ထောင်သက်တမ်း (၁၀)နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ဒါရိုက်တာ ကိုပေါက်ကတော့ ယခုလိုပဲပြောပြခဲ့ပါတယ်။

ချစ်​ရပါ​သော မိတ်​​ဆွေ သင်္ဂဟ များနှင့်​ ချစ်​လှစွာ​သောပရိသတ်​ကြီးခင်​ဗျား…. 
ဒီ​နေ့ဟာကျွန်​​တော့ ချစ်​ဇနီး မမနီနီ ရဲ့​မွေး​နေ့ ဖြစ်​ပါတယ်​။အမှတ်​တရအ​နေနဲ့ ကျွန်​​တော်​သီဆိုထားတဲ့ သီချင်း​လေးတစ်​ပုဒ်​ တင်​​ပေးချင်​ပါတယ်​။ ဒီသီချင်း​လေးစတင်​ဖြစ်​လာခဲ့ပုံ​လေးကို​ပြောပြချင်​ပါတယ်​။ ​ပျော်​ဘွယ်​က​နေ ချစ်​နိုးနိုး ရုပ်​ရှင်​ရိုက်​ပြီးပြန်​လာ​တော့လမ်းမှာ လက်​ပံပင်​ကြီးတပင်​​တွေ့တယ်​။နီရပြီးအရမ်းကိုလှ​နေတာ​တွေ့​တော့ကားရပ်​ပြီးဓာတ်​ပုံရိုက်​တယ်​ ပြီး​တော့ လက်​ပံပွင့်​​တွေ​ကောက်​ပြီးပြန်​လာခဲ့တယ်​။တစ်​ထိုင်​တည်းစဉ်းစားမိသွားတာက အနီ​ရောင်​နဲ့ပတ်​သက်​ပြီး လက်​ပံပွင့်​နဲ့ပတ်​သက်​ပြီး ချစ်​လှစွာ​သောမိန်းမနဲ့ပတ်​သက်​ပြီး အမှတ်​တရသီချင်း​လေးတစ်​ပုဒ်​ဆိုမယ်​ဆိုပြီးတွေးလိုက်​မိတယ်​။

ချက်​ခြင်းဆိုသလို ​တေး​ရေး သဟာ​အောင်​ဆီကိုဖုန်းဆက်​ပြီး ဒီလိုဒီလိုပဲ သီချင်း​လေးတစ်​ပုဒ်​​ရေး​ပေး အမှတ်​တရဆိုချင်​လို့ဆိုပြီးပါချင်​တဲ့အ​ကြောင်းအရာနဲ့စကားလုံးစာသားတစ်​ချို့ ပို့​ပေးလိုက်​တယ်​။ ၂ ရက်​​လောက်​​နေ​တော့ သဟာ​အောင်​ကဖုန်း​ဆက်​လာပြီး အကို​ရေ သီချင်းပို့လိုက်​ပြီ​နော်​တဲ့၊ Viber ဖွင့်​ပြီးနား​ထောင်​လိုက်​တယ်​။ ဘာမှကို ဘဝင်​မကျစရာ​တွေမပါ​သော ကျွန်​​တော်​လိုချင်​​သောသီချင်း​လေးဖြစ်​​အောင်​ ညီ​လေး ​တေး​ရေးဆရာ သဟာ​အောင်​က ဖန်​တီး​ပေးခဲ့တယ်​။ ကြိုက်​တယ်​ ညီ​လေးရာ ​ကောင်းလည်း​ကောင်းတယ်​လို့​ပြော​တော့ သူက ကျွန်​​တော့မိန်းမ နာမည်​ကလည်း နီနီ ပဲတဲ့။

“အဲ့ဒါနဲ့ The Ugly ကကို​ဇော်​မင်းသိန်း ကိုဖုန်းဆက်​ပြီးတီးခိုင်းခဲ့တယ်​။ ပြီးခဲ့တဲ့ ၁၀ နှစ်​ပြည့်​မင်္ဂလာအထိမ်းအမှတ်​​နေ့မှာ ပရိသတ်​ကို အမှတ်​တရ ချပြမယ်​လို့လုပ်​ခဲ့​ပေမယ့်​ အခုမှ ချပြနိုင်​ခဲ့ပါတယ်​။ အမှတ်​တရ အ​နေနဲ့ အ​ပျော်​ဆိုထားတာဖြစ်​လို့ အမှားပါရင်​ခွင့်​လွှတ်​ပါ။ ညကျရင်​သီချင်း​လေးတင်​​ပေးပါမယ်​။ အခု​တော သဟာ​အောင်​ရဲ့စာသား​လေးကိုအမြည်း ​ပေးလိုက်​ပါတယ်​။ ” လို့ပြောထားပြီး သီချင်းစာသားလေးကိုတင်ပေးထားခဲ့ပါတယ်။ 

အိမ်ထောင်သက်တမ်း ၁၀နှစ်ပြည့်မှ နောက်နှစ်ပေါင်းများစွာ လက်တွဲသွားနိုင်ပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။