ကျော်ကျော်ဗိုလ်ရဲ့ညစာစားပွဲမှာ ကြည်နူးပျော်ရွှင်နေကြတဲ့ နေတိုးနဲ့ ဝတ်မှုန်ရွှေရည်တို့ရဲ့ဗီဒီယိုဖိုင်လေး

ချစ်စဖွယ်အပြုံးလေးတွေနဲ့ ပရိတ်သတ်တွေရဲ့အသည်းထဲထိနေရာယူထားတဲ့သူကတော့ မင်းသမီးချောလေး ဝတ်မှုန်ရွှေရည်ပဲ ဖြစ်ပါတယ်။ သူမဟာ သရုပ်ဆောင်ပိုင်းတွင် ကျွမ်းကျင်ပိုင်နိုင်သူ တစ်ယောက်ဖြစ်သလို ပရိတ်သတ်တွေရဲ့ချစ်ခြင်းများစွာကို ရရှိပိုင်ဆိုင်ထားတဲ့ ထိပ်တန်းမင်းသမီးချောလေးပဲ ဖြစ်ပါတယ်။ 

လူကောင်သေးသေးလေးနဲ့ ကျစ်လစ်သေးသွယ်လှတဲ့ ခန္ဓာကိုယ်ပိုင်ရှင်လေးဖြစ်ပေမယ့်လည်း သူမရဲ့ ဆွဲဆောင်မှုရှိတဲ့အလှတွေကတော့ အများနဲ့မတူပဲတကယ့်ကိုထူးခြားလှပါတယ်။ သူမရဲ့ မျက်နှာလေးက ဖြူဖြူစင်စင်နဲ့အေးချမ်းတဲ့အလှကို ပိုင်ဆိုင်ထားလို့ မြင်ရသူတိုင်း ရင်အေးစေတဲ့အလှပိုင်ရှင်လေးဘဲ ဖြစ်ပါတယ် ။

သူမကတော့ ဒီနှစ်အကယ်ဒမီဆုပေးပွဲမှာ အမျိုးသားဇာတ်ပို့ဆုကို ထိုက်တန်စွာရရှိခဲ့တဲ့ မင်းသားကျော်ကျော်ဗိုလ်ရဲ့ဂုဏ်ပြုညစာစားပွဲကို တက်ရောက်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီညစာစားပွဲလေးကို အနုပညာရှင်များစွာတက်ရောက်ခဲ့ကြတာလည်း ဖြစ်ပါတယ်။ ရွှေကစ်လေးကတော့ ဒီဂုဏ်ပြုညစာစားပွဲလေးမှာ သီချင်းဆိုခဲ့သေးတာလည်း ဖြစ်ပါတယ်။ ရွှေကစ်တို့ရဲ့ပျော်ရွှင်ဖွယ်ဗီဒီယိုဖိုင်လေးကို တင်ဆက်ပေးလိုက်ပါတယ်နော်။