စိတ်တို၊ စိတ်ဆတ်ပြီး ဒေါသကြီးတဲ့ မိန်းကလေးတွေဟာ ချစ်သူကိုအောင်မြင်စေနိုင်ကြောင်း တွေ့ရှိ…

စိတ်တိုစိတ်ဆတ်တာ၊ ဒေါသကြီးတာတွေဟာ ကောင်းတဲ့ အရာတွေတော့မဟုတ်ပါဘူး။ ဒါပေမယ့်လည်း တစ်ဖက်မှာတော့ ကောင်းမွန်တဲ့ အကျိုးတွေရှိနေပြန်ပါတယ်။ စိတ်တို၊ စိတ်ဆတ်ပြီး ဒေါသကြီးတဲ့ မိန်းကလေးတွေဟာ ချစ်သူကို အောင်မြင်အောင် ပံ့ပိုးပေးနိုင်ပါသတဲ့။ ဒီစမ်းသပ်ချက်ကို အတည်ပြုလိုက်တာကတော့ Michigan State University နဲ့ the University of Chicago က ကျွမ်းကျင်ပညာရှင်တွေပါ။

ဒေါသကြီးတဲ့ မိန်းကလေးတွေရဲ့ ချစ်သူဖြစ်ခွင့်ရတဲ့သူတွေဟာ ကံကောင်းပါတယ်။ အကြောင်းကတော့ ဆီးချိုရောဂါဖြစ်နိုင်ခြေကိုလျှော့ချပေးနိုင်လို့ပါပဲ။ ချစ်သူရဲ့မျက်နှာရိပ်ကဲကို အမြဲကြည့်နေရတဲ့ သူတို့ရဲ့ အမူအကျင့်ဟာ ဝမ်းနဲ့ပတ်သက်တဲ့ ကျန်းမာရေးကိုကောင်းမွန်စေနိုင်လို့ပါတဲ့။

နောက်ထပ်အကျိုးကျေးဇူးကတော့ ချုပ်ခြယ်တတ်တဲ့မိန်းကလေးတွေရဲ့ လက်တွဲဖော်တွေကိုယ်တိုင်ပြောပြထားတဲ့ အချက်လေးပါ။ အဲဒါကတော့ ဟိုဟာမလုပ်နဲ့၊ ဒီဟာမလုပ်နဲ့လို့ အပြောများပြီးချုပ်ခြယ်တတ်တဲ့ လက်တွဲဖော်ပိုင်ရှင်တွေဟာ ဆီးချိုရောဂါမဖြစ်တော့ဘူးလို့ သိရပါတယ်။

နောက်ထပ် အကျိုးကျေးဇူးတစ်ခုလည်း ရှိပါသေးတယ်။ အဲဒါကတော့ ဒေါသကြီးတဲ့အမျိုးသမီးတွေဟာ မှန်ကန်ပြီးကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေကို ပိုမိုချနိုင်စွမ်းရှိပါတယ်။ အကြောင်းကတော့ စိတ်မြန်လက်မြန်နဲ့ လက်တွေ့ဆန်ဆန်လုပ်ဆောင်တတ်ကြလို့ပါပဲ။ ဒါတင်မကသေးပါဘူး။ အိမ်ထောင်ဖက်၊ လက်တွဲဖော်ကို အကောင်းဆုံး အကြံဥာဏ်တွေပေးနိုင်ရုံသာမက ကျန်းမာရေးကိုလည်း အထူးဂရုစိုက်ပေးနိုင်စွမ်းရှိကြောင်း လေ့လာတွေ့ရှိထားပါတယ်။

source : auntymay