“တိုင်းသိပြည်သိ အရှက်ကွဲခဲ့တဲ့ MasterChef က ဖြစ်စဉ်အတွက် ထွန်းကျော်ဦးရဲ့ ခံစားချက်စကားများ”

MasterChef Myanmar Season 2 အစီအစဉ်ကို ဇူလိုင်လ (၁၄) ရက်နေ့ ည (၇) နာရီအချိန်မှာ စတင်ပြသခဲ့တာ ဖြစ်ပြီး ဟင်းချက်ဝါသနာရှင်ပေါင်းများစွာက သူတို့ရဲ့ အရည်အချင်းများကို အစွမ်းကုန်ထုတ်သုံးကာ ကြိုးစားယှဉ်ပြိုင်ခဲ့ကြတာကိုတွေ့ခဲ့ရပေမယ့် အသက်(၁၉)နှစ် သာရှိသေးတဲ့ ထွန်းကျော်ဦးကို အားမနာတမ်းဝေဖန်ခဲ့တဲ့အတွက် ကြည့်ရှုသူတွေပေါက်ကွဲခဲ့ကြတာပါ။

ထွန်းကျော်ဦးရဲ့လူမှုကွန်ရက်စာမျက်နှာမှာအဆိုပါဖြစ်ရပ်အတွက်ငိုချင်စိတ်ကိုတောင်မနည်းထိန်းထားပီးမှ တော်တော်လေးအားတင်းထားခဲ့ရပါတယ် !!ဆက်ပီးတော့ကြိုးစားနေမှာပါ အားပေးကြတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်လို့ရေးသားထားတာကိုတွေ့ရပါတယ်။

ပြိုင်ပွဲအတွင်းခံစားရမှုတွေကိုလည်း “ပျော်လို့တောင်မဆုံးသေးဘူးဗျာ ထိပ်ဝကနေပိတ် ရိုက်ချ တယ် ချက်ချင်းကို ထိုင်ငိုလိုက်ချင် တယ် ကျနော့်ဘက်က ရပ်တည်ပေးခဲ့ကြသော အကိုတေ အမတေ ကို ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ ဝမ်းနည်းမိတာတော့အမှန်ပါပဲ ”တကယ်ကိုယူကြုံးမရ ဖြစ်မိခဲ့ရပါတယ် ၊ ဝမ်းနည်းဝမ်းသာဖြစ် ရပါတယ် ” လို့ရေးသားထားသေးတာပါ ။

အသက်(၁၉)နှစ်သာရှိသေးတဲ့ ထွန်းကျော်ဦးကတော့ မနေ့က ပြိုင်ပွဲကနေနှုတ်ထွက်လိုက်ရတဲ့ ကိုရှိုးသော်ဇင် ကိုအားပေးကြဖို့ပြောပြထားတာကိုတွေ့ရပါတယ်။ ပရိသတ်ကြီးလည်း စိတ်ထားဖြူစင်လှတဲ့ ထွန်းကျော်ဦးကို အားပေးစကားပြောခဲ့ကြပါဦး ။

Source – Tun Kyaw Oo