“သင် မီလျံနာ မဖြစ်ရခြင်း အကြောင်းရင်း (၁၀) ချက်”

သင် မီလျံနာ မဖြစ်ရခြင်း အကြောင်းရင်း (၁၀) ချက်

လူအများစုဟာ သန်းကြွယ်သဋ္ဌေးကြီးတွေ ဖြစ်ခြင်ကြပါတယ်။ ဒါပေမယ့် ဘာလို့ မဖြစ်နိုင်ကြသေးတာလဲ? ပိုက်ဆံနဲ့ ပျော်ရွှင်မှုကို တော့ ဝယ်ယူနိုင်ကြမှာ မဟုတ်ပါဘူး။ ပိုက်ဆံဖြင့် ပိုကောင်းတဲ့ ဘဝ၊ စိတ်ပင်ပန်းမှုကို လျော့ချနိုင်ပြီး ပြည့်စုံတဲ့ဘဝကိုတော့ ပိုင်ဆိုင်နိုင်ကြမှာပါ။

ဒါပေမဲ့ သန်းကြွယ်သူဋ္ဌေးမဖြစ်ခင်မှာ သင့်မှာ မှန်ကန်တဲ့ နည်းစနစ်နဲ့ ဘာလို့ ပန်းတိုင်မရောက်နိုင်သေးဘူး ဆိုတာကိုတော့ သိဖို့လိုအပ်ပါလိမ့်မယ်။

“အသက်မွေးဝမ်းကျောင်း ရွေးတာမှားခဲ့တယ်” “ကျောင်းကောင်းကောင်းမှ မတက်နိုင်တာ။” “ငါ့မှာ အချိန်မရှိဘူး။” ဒါတွေဟာ တကယ်တော့ အကြောင်းရင်းတွေ မဟုတ်ပါဘူး။ အကြောင်းပြချက်တွေ သက်သက်တွေသာ ဖြစ်ပါတယ်။ အခုပြောခြင်တဲ့ အကြောင်းအရာ (၁၀) ခုကတော့ ဘာကြောင့် မီလျံနာ မဖြစ်ကြတာလဲ ဆိုတာပါပဲ။

၁) သင့်မှာ လမ်းကြောင်းမှန်ကို ပြပေမဲ့ သူမရှိဘူး။

သင့်ဘေးမှာ အကောင်းမြင်တွေးခေါ်တတ်တဲ့ သူတွေရှိဖို့ လိုအပ်ပါတယ်။ ပိုအရေးကြီးတာကတော့ သင့်ကို လမ်းကြောင်းမှန်ကို တွဲခေါ်ပေးနိုင်တဲ့ သူကိုရှာဖွေရန် လိုအပ်ပါတယ်။

အဲဒီ့ သင်တကယ် ယုံကြည်ရတဲ့ သူဟာလည်း သင့်ကို အောင်မြင် မှုလမ်းကြောင်းပေါ် သွန်းပေးပို့ နိုင်သူတာ ဖြစ်သင့်ပါတယ်။

၂) သင့်ရဲ့ ရည်ရွယ်ချက်က မပြတ်သားပါ။ ဒါ့ကြောင့် သင့်ရဲ့ လုပ်ဆောင်ချက်တွေကလည်း ထို့နည်းတူပါပဲ။

သင့်ရောက်ခြင်တဲ့ ပန်းတိုင်အတွက် အပြုအမှုတွေနဲ့ စဉ်းစာကြံဆောင်မှုတွေဟာ ရှုတ်ထွေးနေခဲ့မယ်ဆိုရင် သင်ဟာ သန်းကြွယ်သဋ္ဌေး ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ပါဘူး။

အချိန်ယူပါ။ ပြီးမှ အစီအစဉ်ရေးဆွဲပါ။ မှန်ကန်စွာ စွမ်းဆောင်ပါ။

၃) သင်ဟာ ပိုက်ဆံက ပျော်ရွှင်မှုကို မဝယ်နိုင်ဘူးလို့ လက်ကိုင်ထားလိုက်ပြီး ပိုက်ဆံက လွတ်လပ်မှုကို ဝယ်ယူနိုင်တယ်ဆိုတာ မေ့ထားလိုက်တယ်။

ပိုက်ဆံဆိုတာ လွတ်လပ်မှုအတွက် လက်မှတ်တစာင်ဖြစ်လို့ တာလူတိုင်းက ပိုက်ဆံကို လိုခြင်ကြတာပါ။ ပိုက်ဆံဖြင့်တာ လွတ်လပ်တဲ့ ဘဝကို ဦးဆောင်ခေါ်သွားပေးနိုင်မှာပါ။ လွတ်လပ်ခြင်းဆိုတဲ့ အရာကို အာရုံစိုက်ပြီး တက်တက်ကြွကြွ ပိုက်ဆံများများ ရှာသင့်ပါတယ်။

၎) တခြားလူတွေက အောင်မြင်နိုင်တယ် ဒါပမဲ့ ငါကတော့ မဖြစ်နိုင်လောက်ပါဘူး။

သင်သည်လည်း အောင်မြင်နိုင်ပါတယ် ဆိုတာကို ယုံကြည်ပေးပါ။ သင်ကျေနပ်နှစ်သက်တဲ့ အောင်မြင်သော အမျိုးသား (သို့) အမျိုးသမီး ပုံစံဖြင့် ကိုယ့်ကိုကိုယ် ပုံဖော်ကြည့်ပါ။ ပြီးတော့ အဲလို တနေ့ဖြစ်လာနိုင်တယ်လို့ စစ်မှန်စွာ ယုံကြည်လိုက်ပါ။ သင်ဟာ သင့်ပန်းတိုင်ရောက်ဖို့ ခြေတလှမ်းပိုနီးလာပါပီ။

၅) သင့်ရဲ့ အခြေအနေ သင့်ရပ်တည်မှုတွေက အောင်မြင်မှုရဲ့ အတားအစီးတွေ ဖြစ်နေတယ်လို့ သင်ယုံကြည်နေတယ်။

ဘယ်အရာကမှ သင့်ကို အောင်မြင်မှုကနေ မပိတ်ပင် မတားစီး နိုင်ပါဘူး။ ထပ်ပြောပါမယ်။ သင့်ကို မည်သည့်အရာ ကမှ သင့်စိတ်ကူး အိပ်မက် မီလျံနာသူဋ္ဌေး ဘဝကို မတားဆီးနိုင်ပါ။

၆) သင်သည် အင်တာနက် မသုံးပါ။

အင်တာနက်က ကမ္ဘာကြီးကို ပြောင်းလည်းပြစ်နေပါတယ်။ ထပ်ပြီးတော့ လည်းပြောင်းလည်း ပြစ်နေအုံးမှာပါ။ သင်တာ တကယ်မသုံးခဲ့ဘူးဆိုရင် အင်အားအရှိဆုံး ပိုက်ဆံလုပ်စက်လို့ ပြောစမှတ် ပြုရမယ့် အင်တာနက် ရဲ့ အကျိုးကျေးဇူးကို လစ်လျူရှုနေတယ် လို့ဆိုရမှာပါပဲ။

၇) သင်ဟာ စွန့်လွတ် စွန့်စားသူ တယောက်မဟုတ်ဘူး။

သင့်ဟာ ကိန်မုန့်ကိုလည်းစားပြစ်မယ် ပြီးတော့ ကုန်လည်းမကုန်ခြင်ဘူး ဒါဟာ ဖြစ်နိုင်ခြေ မရှိပါဘူး။ တချို့နေရာတွေမှာ စွန့်လွတ်လိုက်ရတာတွေ ရှိတတ်ပါတယ်။ သင်ဟာ သူငယ်ချင်းတွေနဲ့ အပြင်သွားတာ၊ ပါတီပွဲတွေတက်တာကို သင်အလုပ်ချိန်ပိုလိုက်နိုင်ဖို့ အတွက် မစွန့်လွတ်လိုက်နိုင်ဘူးဆိုရင် သင်ဖြစ်ခြင်တဲ့ ငွေကြေးချမ်းသာကြွယ်ဝမူဆိုတာ ဖြစ်လာနိုင်မှာ မဟုတ်ပါဘူး။

၈) သင်သည့် ရှုံးနှိမ့်မှုကို ကြောက်ရွံ့သည်။

သင်ဟာ ရှုံးနှိမ့်မှာပါ။ အမှားတွေကို လည်းပြုလုပ် မိနေအုံးမှာပါ။ ဒါတွေကို ဘယ်လိုကျော်လွားနိုင်မှာလည်းဆိုတာ သင်လေ့လာ ရမှာပါ။ သင်ကသာ ဒါတွေကြောက်နေမယ်ဆိုရင် ကျော်ဖြတ်နိုင်မှာလည်းမဟုတ်ပါဘူး။

၉) သင်ဟာ မှားရွင်းတဲ့ သူငယ်ချင်းတစု နဲ့ အတူသွား အတူလား လုပ်တယ်။

သင်နှင့် အကြွမ်းတဝင် ရှိနေသော သူသည် သင့်ကိုဘေးမ စောင့်ရှောက်မှုပေးနေတဲ့ သူတွေသာဖြစ်သင့်ပါတယ်။ သူတို့ဟာ သင်လိုတဲ့ အခါမှာရှိသင့်တယ်၊ သင့်လုပ်ငန်းကို အာရုံစိုက်လာစေဖို့ တွန်းအားတွေပေးသင့်တယ်၊ အကောင်းမြင်တဲ့ အယူအဆတွေ သင့်ကို ပေးဖို့ ရာလိုအပ်ပါတယ်။

သင့်သူငယ်ချင်း နဲ့ မိသားစုဝင်တွေဟာ သင်လမ်းကြောင်းအမှား ဆီရောက်သွားအောင် အဆိုးမြင်မှုတွေ မပေးသင့်ပါဘူး။ ပေးခဲ့တယ်ဆိုရင် သင် သူငယ်ချင်းအုပ်စု အသစ်ရှာဖို့ လိုနေပါပြီ။

၁၀) သင်သည်ကျွမ်းကျင်မှုကို ဦးစားပေးပြီး အလုပ်လုပ်နေတာထက် ထီထိုးသလို တရစက်ကြိုးစားနေတယ် ခေတ်စကားနဲ့ပြောရရင်တော့ ဂွင်ကြီးကြီးပဲ ရှာနေတတ်တယ်။

သင်ကျွမ်းကျင်တဲ့ ပုံစံကို သင့်အသိပညာဖြင့် အစဉ်တစိုက် ကြိုးစားနေခြင်းကသာ သင့်အတွက် ရည်ရှည်မှာ အကျိုးဖြစ်စေမှာပါ။ ဒီလိုလုပ်ခြင်းက အချိန်တွေ ပိုကြာမယ်၊ အလုပ်တွေ ပိုလုပ်ရတာရှိမယ် ဒါပေမယ့် ရေရှည်မှာ သင့်ရှာဖွေနေတဲ့ အောင်မြင်မှုအသီးအပွင့်တွေ တွေသင့်ဆီ ရောက်လာမှာပါ။

သင့်အသက်မွေးဝမ်းကြောင်းအတွက် ဖော်ပြပါအချက်တွေကို စိတ်ထဲမှာအမြဲမှတ်ယူထားသင့်ပါတယ်။ ဖော်ပြပါအတားအဆီးတွေကိုလည်း ရှောင်ရှားနိုင်ခဲ့ပြီး မီလျံနာ ဖြစ်ခြင်တဲ့ ဘဝကို တကယ်အာရုံစိုက်မယ်ဆိုရင် သင့်၏ တကယ် စွမ်းဆောင်ချက်ကဘာလည်းဆိုတာကို သင်သိလာမှာပါ။

source : bahuthutagabar