“ဝမှလှတာ”ဆိုတဲ့စကားကို သက်သေပြဖို့ မမဝဝတွေအတွက် ဖက်ရှင်အကြံပေးချက်(၇)ချက်

ဝတယ်ဆိုတာ စိတ်ဓာတ်ကျစရာအခြေအနေတစ်ခုမဟုတ်သလို ၊ ဝရင်မလှဘူးဆိုပြီးလည်း အစာငတ်ခံပြီး ဝိတ်တွေအ တင်းချစရာမလိုပါဘူး။ ကျန်းမာရေးကိုထိခိုက်လောက်အောင် ဝတဲ့အနေအထားမျိုးမဖြစ်အောင်ပဲ ကိုယ်အလေးချိန်ကို ထိန်းရုံလေးထိန်းထားပေးရင် လုံလောက်ပါပြီ။ ဘာလို့လဲဆိုတော့ ဝတာလေးက ဆွဲဆောင်မှုရှိတဲ့ပုံစံတစ်မျိုးဖြစ်နေ လို့ပါ။ ကမ္ဘာပေါ်က လူတစ်ယောက်မကျန် ပိန်တာကိုကြိုက်နေတာမဟုတ်လို့ ပြည့်ပြည့်ဖြိုးဖြိုးပျိုမေတို့အနေနဲ့ ကိုယ့်ကိုယ်ကိုစိတ်ဒုက္ခပေးပြီး ခန္ဓာကိုယ်ကိုပြောင်းလဲပစ်ဖို့မလိုပါဘူး။ အခုဖော်ပြမယ့် အချက်လေးတွေ အတိုင်း သာ နေသွားမယ်ဆိုရင် ပိန်လို့လှပါတယ်ဆိုတဲ့သူတွေကို ကျော်ဖြတ်ပြီး အပြတ်အသတ်လှနေမှာ သေချာတယ်နော်။

(၁) ဖိနပ်အမြင့်ကိုရွေးပါ

ပြည့်တဲ့သူလေးတွေက ဖိနပ်အပါးထက် ဒေါက်အနည်းငယ်ပါတဲ့၊ ဖိနပ်အမြင့်လေးတွေကို ရွေးပေးပါ။ ဖိနပ်အမြင့်ေ လးေ တွကို စီးလိုက်တဲ့အခါ ကျော့ရှင်းတဲ့ကိုယ်နေဟန်ထားကိုဖြစ်စေပြီး ပိုကြည့်ကောင်းစေပါတယ်။

(၂) ရှုပ်ရှုပ်ထွေးထွေးအလှဆင်ထားတဲ့ဖိနပ်တွေကိုမရွေးပါနဲ့

အရောင်စပ်ထားပြီး၊ ရှုပ်ရှုပ်ထွေးထွေးအလှဆင်ထားတဲ့ဖိနပ်တွေကိုမရွေးပါနဲ့၊ တစ်ရောင်တည်းနဲ့ရိုးရှင်းတဲ့ပုံစံမျိုး ကို ရွေးပါ။

(၃) ဘာင်းဘီအကျပ်ဆို အသားထူတာကိုရွေးပါ

ဝတဲ့သူမို့ အကျပ်ဝတ်ရင်ကြည့်မကောင်းဘူးဆိုပြီး ပုံသေမသတ်မှတ်ထားပါနဲ့။ ဘောင်းဘီအကျပ်၊ စကတ်အ ကျပ်လေးတွေဝတ်လို့ရပါတယ်။ ဒါပေမယ့် အသားထူတာလေးတွေကို ရွေးဖို့တော့လိုပါလိမ့်မယ်။

(၄) အရောင်တောက်တဲ့ အဆင်ဒီဇီုင်းမျိုးကို ရှောင်ပါ

အရောင်တောက်တောက် အပွင့်အခက်အဆင်တွေက ဝတဲ့သူကိုပိုဝတယ်လို့ထင်ရစေပါတယ်။ ဒါကြောင့် တတ်နိုင် သလောက် အပွင့်အခက်အဆင်တွေရွေးရင် အရောင်တောက်တာကိုမရွေးပါနဲ့။

(၅) အရောင်ရင့်ပြီး ငြိမ်တာလေးတွေဝတ်ပါ

ပြည့်ပြည့်ဖြိုး ဖြိုးလေးတွေက အရောင်ရင့်ပြီး ငြိမ်တဲ့အရောင်လေးတွေကိုပိုရွေးချယ်သင့်ပါတယ်။ အဲ့ဒီလိုအရောင်လေးေ တွက ခန္ဓာကိုယ်ကို သွယ်လျစေပြီး အဆင့်အတန်းမြင့်တဲ့ပုံစံမျိုးဖြစ်စေနိုင်လို့ပါ။

(၆) ကာက်ကြောင်းပေါ်အောင်ဝတ်ပါ

ဝတဲ့သူတိုင်းက ကောက်ကြောင်းပျောက်ပြီး ကြည့်ရဆိုးနေတာမဟုတ်ပါဘူး။ ဝတဲ့သူက လည်း ကော က်ကြောင်းပေါ်အောင်ဝတ်လို့ရပါတယ်။ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုဖုံးဖို့ဆိုပြီး  ပွပွကြီးတွေပဲ ဝတ်မေ နဘဲ ကောက်ကြောင်းပေါ်စေတဲ့ ပုံစံလေးတွေလည်း ဝတ်ပါ။

(၇) ဒူးဖုံးစကတ်၊ဂါဝန်တွေရွေးချယ်ပါ

ဝတဲ့သူလေးတွေက အတိုဝတ်ရမလား၊ အရှည်ဝတ်ရမလားဆိုတာ အမြဲလိုလိုခေါင်းစားရပါတယ်။ ဘောင်းဘီ ဆိုရင် အရှည်ဝတ်တာကောင်းပြီး စကတ်၊ဂါဝန်ဆိုရင်တော့ ဒူးအတိ ဒါမှမဟုတ် ဒူးဖုံးတာလေးတွေဝတ်နိုင်ပါတယ်။

source : auntymay