အေမေျပာတုန္းက မင္းက လက္မခံခဲ႔တဲ႔ သား ထိန္လင္း .. လူမိုက္ႀကီး

” သား ထိန္လင္း .. လူမိုက္ႀကီး …အေမ႔စကားနားမေထာင္လို႔ ဒီလိုအျဖစ္ဆိုးနဲ႔ ေသရတာ ..

‘ လူဆိုတာ အထက္ေရာက္ေနရင္ မနာလိုျဖစ္ျပီး မလိုသူမ်ားက မေကာင္းႀကံစည္တတ္တယ္ …

အစစ အရာရာ သတိထားပါ ‘ လို႔ အေမေျပာတုန္းက မင္းက လက္မခံဘူးေလ . . .

‘ ဗ်ာ .. ဘုရားေတာင္မွ အတိုက္အခံ ရွိေသးတာပဲ ၊ကိုယ္ကသာ လမ္းမွန္ဖက္ကေနျပီး …..

အေႀကာင္းမွန္ကို လက္ကိုင္ထားရင္ ဘာမွေႀကာက္စရာ မလိုပါဘူး . .

စစ္တိုက္တုန္းကေတာင္ မေသခဲ႔တာ ..မပူပါနဲ႔ ‘ တဲ႔ ..

ဟင္ ….ခုေတာ့ မင္းေျပာသလို တိုက္ပြဲႀကားက က်ည္ဆံေတြေႀကာင့္ က်ဆံုးရတာ မဟုတ္ပဲ…

‘ မနာလိုျခင္း က်ည္ဆံေတြ ‘ အသင့္ခံလိုက္ရျပီမို႔လား … ‘

သမီးေလးအတြက္ ခမည္းေလးေပးခ်င္လို႔ပါ..ဆိုျပီး အေမ့ဆီကို နားကဒ္ကေလး လာေတာင္းခဲ႔တဲ႔ သားႀကီး . . .

တျပားတခ်ပ္မွ မရပဲ တိုင္းျပည္အတြက္ အလုပ္ လုပ္ရင္း အသက္ပါ စြန္႔ခဲ႔ရပီေပါ့ ထိန္လင္းရယ္ ..”

ဗိုလ္ခ်ဳပ္အေမ အဖြားစုဟာ ဗိုလ္ခ်ဳပ္အေလာင္းကို ေတြေတြႀကီး ႀကည့္ရင္း ဂရုဏာေဒါေသာနဲ႔….

ဗိုလ္ခ်ဳပ္ရဲ႕ အမည္ေအာင္ဆန္းကို မေခၚပဲ ငယ္နာမည္ ထိန္လင္းကိုပဲ တဖြဖြရြက္ဆိုရင္း ေျပာဆိုေနတာဟာ ျမင္ရႀကားရသူအဖို႔ ရင္နင့္ ေႀကကြဲစရာ ျမင္ကြင္းေလးပါ ။

၁၉၄၇ ခုႏွစ္ ဇူလိုင္လ ၁၉ ရက္ေန႔မွာ က်ဆံုး သြားႀကတဲ႔ အာဇာနည္ ၉ ဦးမွာ အဖြားစုရဲ႕ ဝမ္းဗိုက္ထဲက ညီအကို အရင္းႏွစ္ေယာက္ ပါဝင္သြားခဲ႔တာပါ ။

အဖြားစု အားကိုးရတဲ႔ သားအႀကီး ဦးဘဝင္းရယ္ ၊ အဖြားစု အခ်စ္ဆံုး အေထြးဆံုး ဗိုလ္ခ်ဳပ္ေအာင္ဆန္းရယ္ တို႔ပါပဲ ။

ဗိုလ္ခ်ဳပ္က က်ည္ဆံ ၁၃ ခ်က္ ၊ အကိုႀကီးျဖစ္တဲ႔ ဦးဘဝင္းက က်ည္ဆံ ၈ ခ်က္ သင့္ျပီး အတြင္းဝန္ရံုးရဲ႕ အစည္းအေဝး ခန္းမထဲမွာ က်ဆံုးခဲ့ရရွာပါတယ္ ။

ဗိုလ္ခ်ဳပ္အသက္က ၃၂ ႏွစ္ ၊ ဦးဘဝင္းအသက္က ၄၄ ႏွစ္ပဲ ရွိပါေသးတယ္ ။

သားႏွစ္ေယာက္လံုး အသတ္ခံလိုက္ရတဲ႔ အေႀကာင္းႀကားရတဲ႔ မိခင္တေယာက္ရဲ႕ ရင္တြင္းက အပူေသာကကို ကိုယ္ခ်င္းစာ သနားမိပါတယ္ ။

နတ္ေမာက္ကေန ရန္ကုန္ကို မိခင္ေသာကအပူေတြနဲ႔ လိုက္လာမွာ ျမင္ေယာင္မိပါတယ္ ။

သူ႔ခမ်ာ မုဆိုးမႀကီးေလ . . . ။ ေဖးမေပးမည့္ ေယာက်ၤားသားကလည္း ေဘးမွာ မရွိ ။

ဗိုလ္ခ်ဳပ္ရဲ႕အေဖ ေရွ႕ေနႀကီး ဦးဖာက ဗိုလ္ခ်ဳပ္ ၁၆ ႏွစ္သား( ၁၀ တန္းေက်ာင္းသား)ကတည္းက ကြယ္လြန္သြားခဲ႔တာပါ ။

ပုဂံရာဇဝင္မွာ သားေတြ အသတ္ခံရလို႔ပုပၸါးကေန ေတာင္ျပံဳးကို မနားတမ္း အေျပးလာရင္း အမရပူရမွာ ရင္ကြဲျပီး ေသရွာတဲ႔ မယ္ဝ႑ေလးရဲ႕ ေသာကအပူထက္ နိမ့္ရွာမယ္မထင္ပါဘူး ။

စ်ာပနကိစၥေတြျပီးလို႔ နတ္ေမာက္ကိုျပန္ဖို႔ ဘူတာမွာ ရထားေစာင့္ေနတုန္း ျဖစ္ရပ္ကေလးကိုလည္း တင္ျပခ်င္ပါတယ္ ။

ဇူလိုင္မိုးကေလးကလည္း တဖြဲဖြဲ ..အဖြားစုမ်က္ဝန္းအိမ္မွာလည္းမ်က္ရည္ေတြ ဝဲရွာေနလိမ့္မယ္ ။

သူခ်စ္တဲ႔သူ႔သားႀကီးေတြကို တသက္တာ ျပန္မေတြ႕ႀကရေတာ့ပဲ ရန္ကုန္မွာအျပီး ထားရစ္ခဲ႔ရျပီကိုး ။

ဘူတာရံုက ခံုကေလးေပၚမွာ အဖြားစု ေငးေနတုန္း အဖိုးႀကီးတေယာက္ဟာ အဖြားစုနားကပ္လာျပီးကန္ေတာ့ခြင့္ေတာင္းပါတယ္ ။

အဖြားစုက. . .’ မင္းက ငါ့ထက္ေတာင္ ႀကီးမယ္ထင္တယ္ကြဲ႕ ငရဲေတြႀကီးေနပါ့မယ္ကြယ္’ ..လို႔ေျပာေပမဲ႔ ..အဲဒီဦးႀကီးက . . .

” ကြ်န္ေတာ္ကန္ေတာ့တာဟာ ေဒၚစုရဲ႕အသက္ကို ကန္ေတာ့တာ မဟုတ္ပါဘူးဗ်ာ ….

ဗိုလ္ခ်ဳပ္လိုပုဂၢိဳလ္မ်ိဳးကို ေမြးဖြားေပးခဲ႔တဲ႔ ေဒၚစုရဲ႕’ ဗိုက္ ‘ကိုႀကည္ညိဳ ေလးစား ျမတ္ႏိုးလြန္းလို႔ ကန္ေတာ့တာပါ ” လို႔ေျပာျပီး ရိုရိုေသေသနဲ႔ ထိုင္ ကန္ေတာ့သြားခဲ႔ပါတယ္ ။

ဘူတာထဲမွာ သူတို႔ျဖစ္စဥ္ကို ဝိုင္းႀကည့္ေနႀကတဲ႔ သူေတြအားလံုးလည္း ဇူလိုင္မိုးနဲ႔အတူ မ်က္ရည္ေတြ ျဖိဳင္ခဲ႔ႀကရတယ္ေပါ့ .. ။

( စြန္႕လႊတ္အနစ္နာခံရင္း တိုင္းျပည္အတြက္အလုပ္လုပ္ေနႀကသူေတြ အားလံုး . . .’ မနာလိုျခင္း က်ည္ဆံေတြ ‘ ကင္းေဝးႀကပါေစ….)။

Credit …..orginal writer

unicode

” သား ထိန်လင်း .. လူမိုက်ကြီး …အမေ့စကားနားမထောင်လို့ ဒီလိုအဖြစ်ဆိုးနဲ့ သေရတာ ..

‘ လူဆိုတာ အထက်ရောက်နေရင် မနာလိုဖြစ်ပြီး မလိုသူများက မကောင်းကြံစည်တတ်တယ် …

အစစ အရာရာ သတိထားပါ ‘ လို့ အမေပြောတုန်းက မင်းက လက်မခံဘူးလေ . . .

‘ ဗျာ .. ဘုရားတောင်မှ အတိုက်အခံ ရှိသေးတာပဲ ၊ကိုယ်ကသာ လမ်းမှန်ဖက်ကနေပြီး …..

အကြောင်းမှန်ကို လက်ကိုင်ထားရင် ဘာမှကြောက်စရာ မလိုပါဘူး . .

စစ်တိုက်တုန်းကတောင် မသေခဲ့တာ ..မပူပါနဲ့ ‘ တဲ့ ..

ဟင် ….ခုတော့ မင်းပြောသလို တိုက်ပွဲကြားက ကျည်ဆံတွေကြောင့် ကျဆုံးရတာ မဟုတ်ပဲ…

‘ မနာလိုခြင်း ကျည်ဆံတွေ ‘ အသင့်ခံလိုက်ရပြီမို့လား … ‘

‘ သမီးလေးအတွက် ခမည်းလေးပေးချင်လို့ပါ..ဆိုပြီး အမေ့ဆီကို နားကဒ်ကလေး လာတောင်းခဲ့တဲ့ သားကြီး . . .

တပြားတချပ်မှ မရပဲ တိုင်းပြည်အတွက် အလုပ် လုပ်ရင်း အသက်ပါ စွန့်ခဲ့ရပီပေါ့ ထိန်လင်းရယ် ..”

ဗိုလ်ချုပ်အမေ အဖွားစုဟာ ဗိုလ်ချုပ်အလောင်းကို တွေတွေကြီး ကြည့်ရင်း ဂရုဏာဒေါသောနဲ့….

ဗိုလ်ချုပ်ရဲ့ အမည်အောင်ဆန်းကို မခေါ်ပဲ ငယ်နာမည် ထိန်လင်းကိုပဲ တဖွဖွရွက်ဆိုရင်း ပြောဆိုနေတာဟာ မြင်ရကြားရသူအဖို့ ရင်နင့် ကြေကွဲစရာ မြင်ကွင်းလေးပါ ။

၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့မှာ ကျဆုံး သွားကြတဲ့ အာဇာနည် ၉ ဦးမှာ အဖွားစုရဲ့ ဝမ်းဗိုက်ထဲက ညီအကို အရင်းနှစ်ယောက် ပါဝင်သွားခဲ့တာပါ ။

အဖွားစု အားကိုးရတဲ့ သားအကြီး ဦးဘဝင်းရယ် ၊ အဖွားစု အချစ်ဆုံး အထွေးဆုံး ဗိုလ်ချုပ်အောင်ဆန်းရယ် တို့ပါပဲ ။

ဗိုလ်ချုပ်က ကျည်ဆံ ၁၃ ချက် ၊ အကိုကြီးဖြစ်တဲ့ ဦးဘဝင်းက ကျည်ဆံ ၈ ချက် သင့်ပြီး အတွင်းဝန်ရုံးရဲ့ အစည်းအဝေး ခန်းမထဲမှာ ကျဆုံးခဲ့ရရှာပါတယ် ။

ဗိုလ်ချုပ်အသက်က ၃၂ နှစ် ၊ ဦးဘဝင်းအသက်က ၄၄ နှစ်ပဲ ရှိပါသေးတယ် ။

သားနှစ်ယောက်လုံး အသတ်ခံလိုက်ရတဲ့ အကြောင်းကြားရတဲ့ မိခင်တယောက်ရဲ့ ရင်တွင်းက အပူသောကကို ကိုယ်ချင်းစာ သနားမိပါတယ် ။

နတ်မောက်ကနေ ရန်ကုန်ကို မိခင်သောကအပူတွေနဲ့ လိုက်လာမှာ မြင်ယောင်မိပါတယ် ။

သူ့ခမျာ မုဆိုးမကြီးလေ . . . ။ ဖေးမပေးမည့် ယောကျင်္ားသားကလည်း ဘေးမှာ မရှိ ။

ဗိုလ်ချုပ်ရဲ့အဖေ ရှေ့နေကြီး ဦးဖာက ဗိုလ်ချုပ် ၁၆ နှစ်သား( ၁၀ တန်းကျောင်းသား)ကတည်းက ကွယ်လွန်သွားခဲ့တာပါ ။

ပုဂံရာဇဝင်မှာ သားတွေ အသတ်ခံရလို့ပုပ္ပါးကနေ တောင်ပြုံးကို မနားတမ်း အပြေးလာရင်း အမရပူရမှာ ရင်ကွဲပြီး သေရှာတဲ့ မယ်ဝဏ္ဍလေးရဲ့ သောကအပူထက် နိမ့်ရှာမယ်မထင်ပါဘူး ။

စျာပနကိစ္စတွေပြီးလို့ နတ်မောက်ကိုပြန်ဖို့ ဘူတာမှာ ရထားစောင့်နေတုန်း ဖြစ်ရပ်ကလေးကိုလည်း တင်ပြချင်ပါတယ် ။

ဇူလိုင်မိုးကလေးကလည်း တဖွဲဖွဲ ..အဖွားစုမျက်ဝန်းအိမ်မှာလည်းမျက်ရည်တွေ ဝဲရှာနေလိမ့်မယ် ။

သူချစ်တဲ့သူ့သားကြီးတွေကို တသက်တာ ပြန်မတွေ့ကြရတော့ပဲ ရန်ကုန်မှာအပြီး ထားရစ်ခဲ့ရပြီကိုး ။

ဘူတာရုံက ခုံကလေးပေါ်မှာ အဖွားစု ငေးနေတုန်း အဖိုးကြီးတယောက်ဟာ အဖွားစုနားကပ်လာပြီးကန်တော့ခွင့်တောင်းပါတယ် ။

အဖွားစုက. . .’ မင်းက ငါ့ထက်တောင် ကြီးမယ်ထင်တယ်ကွဲ့ ငရဲတွေကြီးနေပါ့မယ်ကွယ်’ ..လို့ပြောပေမဲ့ ..အဲဒီဦးကြီးက . . .

” ကျွန်တော်ကန်တော့တာဟာ ဒေါ်စုရဲ့အသက်ကို ကန်တော့တာ မဟုတ်ပါဘူးဗျာ ….

ဗိုလ်ချုပ်လိုပုဂ္ဂိုလ်မျိုးကို မွေးဖွားပေးခဲ့တဲ့ ဒေါ်စုရဲ့’ ဗိုက် ‘ကိုကြည်ညို လေးစား မြတ်နိုးလွန်းလို့ ကန်တော့တာပါ ” လို့ပြောပြီး ရိုရိုသေသေနဲ့ ထိုင် ကန်တော့သွားခဲ့ပါတယ် ။

ဘူတာထဲမှာ သူတို့ဖြစ်စဉ်ကို ဝိုင်းကြည့်နေကြတဲ့ သူတွေအားလုံးလည်း ဇူလိုင်မိုးနဲ့အတူ မျက်ရည်တွေ ဖြိုင်ခဲ့ကြရတယ်ပေါ့ .. ။

( စွန့်လွှတ်အနစ်နာခံရင်း တိုင်းပြည်အတွက်အလုပ်လုပ်နေကြသူတွေ အားလုံး . . .’ မနာလိုခြင်း ကျည်ဆံတွေ ‘ ကင်းဝေးကြပါစေ။)orginal writer