ကြာသပတေး သားသမီးတွေအတွက် ရာသက်ပန် အရှေ့တိုင်းဗေဒင်

ကြာသပတေးသားသမီးတွေဟာ ပျော်ပျော်နေတတ်တယ်၊ လက်တွေ့ဆန်တယ်၊ ကြီးပွားချမ်းသာတယ်စသဖြင့် လူသိများတဲ့သူတွေပါ။ ကြာသမတေးသားသမီးတွေဟာ ဂျူပီတာဂြိုလ်သက်ရောက်ခြင်းကိုခံရတဲ့သူတွေဖြစ်ပြီး အိန္ဒိယဗေဒင်မှာ ဖော်ပြထားတဲ့ သူတို့တွေရဲ့ ရာသက်ပန် ဟောကိန်းလေးတွေကို ဖော်ပြပေးလိုက်ပါ။

(၁) လူမှုရေး

ကြာသပတေး သားသမီးတွေဟာ ချမ်းသာကြွယ်ဝမယ့်သူတွေဖြစ်ပါတယ်။ သူတို့ဟာ ကြီးမားကျယ်ပြန့်တဲ့ ပေါင်းသင်းဆက်ဆံရေး၊ အတွေးအခေါ်အယူအဆတွေကိုပိုင်ဆိုင်ထားသူတွေဖြစ်ပါတယ်။ အကြံပေးရာမှာ အရမ်းတော်တဲ့သူတွေဖြစ်တာကြောင့် လူတွေက သူတို့ဆီမှ ဝေဖန်စကားတွေ၊ အကြံပေးစကားတွေကို တောင်းယူရတဲ့သူတွေပါ။

မွေးရာပါ ဆရာဖြစ်ဖို့ကံပါလာတာကြောင့် အမြဲလိုလို အပေါ်စီးကနေနိုင်တဲ့သူတွေပါ။ တစ်ခါတလေ စိတ်ဓာတ်ကျတတ်တယ်ဆိုပေမယ့် စိတ်မပူပါနဲ့။ သင်ဟာ ချမ်းသာဖို့ဇာတာပါတဲ့သူပါ။

(၂) အလုပ်အကိုင်

အထက်မှာဖော်ပြခဲ့ပြီးသလိုပဲ ကြာသပတေး သားသမီးတွေဟာ မွေးရာပါဆရာဖြစ်ဖို့ ကံပါလာတဲ့ဝသူတွေပါ။ အသစ်အဆန်းတွေတစ်ခုခုပြီးတစ်ခု လုပ်ရတာ၊ ခရီးသွားရတာတွေ၊ အဆက်မပြတ် စူးစမ်းလေ့လာရတာမျိုးတွေမကြိုက်ပါဘူး။ ဒါကြောင့် သူတို့နဲ့ အလိုက်ဖက်ဆုံးအလုပ်အကိုင်ကတော့ နိုင်ငံရေးပဲဖြစ်ပါတယ်။

(၃) အချစ်ရေး

ကြာသပတေး သားသမီးတွေဟာ ဘွင်းဘွင်းရှင်းရှင်းပြောတတ်တဲ့အပြင် ခံစားချက်ကိုလည်း ပြတ်ပြတ်သားသားဖွင့်ပြ တတ်တဲ့သူတွေပါ။ ဒါကြောင့်တစ်ခါတလေ အချစ်ရေးမှာ ဒီအရာတွေကြောင့် အဆင်မပြေဖြစ်တတ်ပါတယ်။ ချစ်သူနဲ့ အလိုက်အထိုက်လေးနေဖို့ ကြိုးစားကြည့်ပါ။ သင့်အချစ်ရေးက သာယာမှာပါ။

(၄) အိမ်ထောင်ရေး

ကြာသပတေးသားသမီးတွေအဖို့ စကားပြောဆင်ခြင်လိုက်ရင် အိမ်ထောင်ရေးက အရမ်းကို အဆင်ပြေမှာပါ။ တစ်ခါတလေမှာ အိမ်ထက် အပြင်ကိုဦးစားပေးတာတွေ များတတ်ပါတယ်။ ဒါကိုအထူးဂရုပြုပါ။ ငွေရေးကြေးရေးအတွက် အပြင်မှာအလုပ်ထွက်လုပ်တာမှန်ပေမယ့် တစ်ဖက်မှာမိသားစုကိုလည်း အချိန်ပေးဖို့လိုပါတယ်။

Em Em