“ဒေါ်အောင်ဆန်းစုကြည် အကြောင်း တောင်ကိုရီးယားနိုင်ငံရဲ့မူလတန်း သင်ရိုးမှာပါဝင်”

ဒေါ်အောင်ဆန်းစုကြည် အကြောင်း တောင်ကိုရီးယားနိုင်ငံရဲ့မူလတန်းသင်ရိုးမှာပါဝင်…

လက်ရှိ မြန်မာနိုင်ငံ အင်တာနက် အသုံးပြုသူတွေကြားမှာ ရေပန်းစားနေတာကတော့ တောင်ကိုရီးယားနိုင်ငံရဲ့ မူလတန်း သင်ရိုးမှာ ပါဝင်တဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် အကြောင်းပါ။

တောင်ကိုရီးယားနိုင်ငံရဲ့ မူလတန်းသင်ရိုးထဲမှာ ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘဝနောက်ခံ သမိုင်းကို ကလေးတွေ စိတ်ဝင်စား နားလည်လွယ်စေဖို့အတွက် ရုပ်ပြကာတွန်းတွေနဲ့ သရုပ်ဖော်ထားတာကိုတွေ့ရမှာဖြစ်ပြီး

နာမည်ကြီးဖြသ်ရပ်တစ်ခုဖြစ်တဲ့ သေနတ်နဲ့ချိန်ထားတဲ့ စစ်သားရှေ့မှာ ရဲရဲဝံ့ဝံ့ မားမားမတ်မတ် ရပ်ကာ သေနတ်ပြောင်းဝရှေ့တိုးဝင်ခဲ့တဲ့ ပုံရိပ်ကိုလည့်း ရေးဆွဲ ဖော်ပြထားတာကိုတွေ့မြင်ရမှာပါ။

မြန်မာဘာသာနဲ့ ပြန်ဆိုထားတဲ့ စာအုပ်လည်းရှိပြီး တစ်ချို့တွေကတော့ စာအုပ်ထဲက အကြောင်းအရာတွေကို ရေးသားဖော်ပြထားတဲ့ ပုံစံတွေဟာ အနည်းငယ် အားနည်းနေသေးပေမယ့် ကလေးသူငယ်တွေအတွက်တော့ ဖတ်ရလွယ်ကူတာ အသေအချာပါပဲလို့ ချီးကျူးနေကြကြောင်း သိရပါတယ်။