ဇနီးကို Surprise လုပ်ပေးမယ်လို့ပြောကာ မျက်လုံးမှိတ်ခိုင်းပြီး ဓားနဲ့ထိုးခဲ့တဲ့အမျိုးသား

ဇနီးကို Surprise လုပ်ပေးမယ်လို့ပြောကာ မျက်လုံးမှိတ်ခိုင်းပြီး ဓားနဲ့ထိုးခဲ့တဲ့အမျိုးသား

ချစ်သူအချင်းချင်းပဲဖြစ်ဖြစ် သူငယ်ချင်းတွေ မိသားစုတွေကိုပဲဖြစ်ဖြစ် ကိုယ်ဂရုစိုက်တဲ့သူတစ်ယောက်ကို Surpriseလုပ်တယ်ဆိုတာဟာ

အပြုသဘောဆောင်ပြီး ပျော်ရွှင်စေတဲ့လုပ်ရပ်တစ်ခုပါ။ ဒါပေမယ့် အသက် ၃၄နှစ်အရွယ်အမျိုးသားတစ်ယောက်ကတော့ surpriseလုပ်ပေးမယ်လို့ ဇနီးသည်ကိုပြောပြီး ဓားနဲ့ထိုးခဲ့ပါတယ်။

The sun websiteရဲ့ဖော်ပြချက်အရ တရားခံဖြစ်သူအမျိုးသားဟာ သူ့ရဲ့ဇနီးကို surpriseလုပ်ပေးမှာဖြစ်တဲ့အတွက် အိပ်ရာပေါ်မှာမျက်လုံးမှိတ်ကာ ၁ကနေ ၁၀ရေပြီးစောင့်ပေးပါလို့ပြောခဲ့တာပါ။

သူ့ရဲ့ဇနီးသည်ကတော့ လက်ဆောင်ပစ္စည်းတစ်ခုခုပေးမယ်လို့ထင်ထားခဲ့ပေမယ့် ၁၀အထိရေတွက်ပြီးတဲ့အချိန်မှာ ခင်ပွန်းသည်က သူမရဲ့ လည်ပင်းနဲ့ပုခုံးကို

ဓားရဲ့လက်ကိုင်ရိုးပြုတ်ထွက်တဲ့အထိ ကြမ်းတမ်းစွား ထိုးနှက်ခဲ့တဲ့အဖြစ်ကိုကြုံခဲ့ရပါတယ်။

The sun websiteရဲ့ ဖော်ပြချက်အရ အိမ်ထောင်ကျပြီးတာ ၆နှစ်ကြာပေမယ့် တစ်ခါမှကြီးကြီးကျယ်ကျယ် ရန်မဖြစ်ဖူးတဲ့ သူတို့လင်မယားဟာ အခင်းမဖြစ်ပွားခင်မှာ ကိုရီးယားကိုတောင်အပျော်ခရီး ထွက်ခဲ့သေးတာပါ။

ဒါပေမယ့် ယောင်္ကျားဖြစ်သူဟာ အလုပ်ပြုတ်သွားလို့ စိတ်ဖိအားမှုတွေများရာကနေ ကိုယ့်ကိုယ်ကို နာကျင်အောင်လုပ်ဖို့ ကြိုးစားခဲ့ပေမယ့် မလုပ်ရဲလို့

ဇနီးသည်အပေါ်ကို ဒေါသတွေပုံချမိသလိုဖြစ်သွားတာဖြစ်တယ်လို့ သိရပါတယ်။