သဝန်တိုတတ်တဲ့ ချစ်သူတွေဟာ အကောင်းဆုံးချစ်သူတွေဖြစ်ရတဲ့ အကြောင်းအရင်း (၆) ချက်

သဝန်တိုတယ်ဆိုတာ အချစ်ရေးတစ်ခုမှာ အရေးကြီးတဲ့အရာတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် အလွန်အကျွံတော့မဖြစ်စေနဲ့ ပေါ့လေ။ သဝန်တိုတယ်ဆိုတာ ချစ်တဲ့စိတ်ကြောင့်ပေါက်ဖွားလာတဲ့ အရာတစ်ခုဖြစ်ပါတယ်။ သဝန်တိုတဲ့ချစ်သူဟာ သဝန်မတိုတတ်တဲ့ချစ်သူထက် ပိုပြီးချစ်သူကို ကြည်နူးစေနိုင်ပါတယ်။ ခုဖော်ပြပေးမှာကတော့ သဝန်တိုတတ်တဲ့ချစ်သူတွေဟာ အကောင်းဆုံးချစ်သူတွေဖြစ်ရတဲ့ အကြောင်းရင်းတွေပဲဖြစ်ပါတယ်။

(၁) သဝန်တိုတတ်တဲ့ချစ်သူတွေဟာ ချစ်သူကို အရမ်းဂရုစိုက်တတ်ကြတဲ့သူတွေပါ။ သူတို့လောက် ချစ်သူကို ဂရုစိုက်နိုင်တဲ့သူတွေဆိုတာ ရှားပါတယ်။ ချစ်သူကို အရမ်းဂရုစိုက်တဲ့သူတွေမို့လည်း သဝန်တိုတာဖြစ်ပါတယ်။

(၂) သဝန်တိုတတ်တဲ့ချစ်သူတွေဟာ ချစ်သူအတွက် အရာရာကို စတေးဝံ့တဲ့သူတွေဖြစ်ပါတယ်။ ချစ်သူကို ကိုယ့်ဖက်က အရာအားလုံးပုံပြီး ချစ်သလိုမျိုး ချစ်သူဖက်ကလည်း ကိုယ့်ကို အရာအားလုံးထက်ပိုပြီး ဦးစားပေးစေချင်တဲ့သူတွေဖြစ်ပါတယ်။

(၃) သဝန်တိုတတ်တဲ့ ချစ်သူတွေဟာ ချစ်သူကို အမြဲတမ်း မျက်စိဒေါက်ထောက်ကြည့်ပြီး အကဲခတ်နိုင်တဲ့သူတွေပါ။ ဒါကြောင့်မို့ပဲ ချစ်သူရဲ့စိတ်ကို သူများတွေအားလုံးထက်ပိုပြီးနားလည်သလို၊ ချစ်သူရဲ့ ဆန္ဒတွေကို ဘယ်လိုဖြည့်ဆည်းပေးရမလဲဆိုတာ သိတဲ့သူတွေဖြစ်ပါတယ်။

(၄) သဝန်တိုတတ်တဲ့ချစ်သူတွေဟာ ချစ်သူရဲ့ ဘဝကိုပိုပြီးမြင့်မားလာအောင် စွမ်းဆောင်ပေးနိုင်တဲ့သူတွေဖြစ်ပါတယ်။ ချစ်သူကို ချုပ်ခြယ်တတ်တဲ့သူတွေလို့ ထင်ရပေမယ့် သူတို့ချုပ်ခြယ်တယ်ဆိုတာ ချစ်သူအတွက် အကျိုးယုတ်စေမယ့်၊ ချစ်သူအတွက် မကောင်းတဲ့နောက်ဆက်တွဲတွေဖြစ်လာစေမယ့် အရာတွေကို ကြိုတင်ပြီး ကာကွယ်ပေးထားခြင်းသာဖြစ်ပါတယ်။

(၅) သဝန်တိုတတ်တဲ့ချစ်သူတွေဟာ ချစ်သူကို ဆုံးရှုံးရမှာအရမ်းကြောက်တဲ့သူတွေပါ။ ချစ်သူက ထားသွားမှာ၊ ချစ်သူရဲ့စိတ်ပြောင်းသွားမှာကို အရမ်းစိုးရိမ်တာကြောင့်ချစ်သူကို အမြဲလိုလို စိုးရိမ်ပူပန်နေတတ်တဲ့သူတွေပါ။ ဒါကြောင့်ချစ်သူကို အရမ်းသဝန်တိုကြတာဖြစ်ပါတယ်။

(၆) သဝန်တိုတတ်တဲ့ချစ်သူတွေဟာ ချစ်သူရဲ့ဂရုစိုက်ခြင်းကို ခံချင်တဲ့သူတွေဖြစ်ပါတယ်။ သင့်ချစ်သူဟာ အရမ်းသဝန်တိုတတ်တယ်ဆိုရင် သူ့ကိုအရင်ကထက် ပိုပြီး ဂရုစိုက်ကြည့်လိုက်ပါ။ ဘယ်တော့မှသင့်ကို စိတ်ဆင်းရဲအောင်လုပ်မှာမဟုတ်ပါဘူး။