ဘယ်အချိန်ထိ Surprise လုပ်နိုင်မလဲ စောင့်ကြည့်နေတယ်ဆိုတဲ့ နေခြည်ဦး

ချောမောလှပပြီး ဆွဲဆောင်မှုရှိတဲ့ အလှတရားကို ပိုင်ဆိုင်ထားတတဲ့ Beauty Blogger နေခြည်ဦး ဟာဆိုရင် ပရိသတ်တွေချစ်ခင်အားပေးရတဲ့ သူလေးပါ။ သူမရဲ့ ချစ်စရာအမူအယာလေးတွေနဲ့ စကားပြောရင် ဆွဲဆောင်မှုရှိရှိ ပြောတတ်တာကြောင့် သူမကို ချစ်တဲ့ ပရိသတ်အခိုင်အမာရရှိထားသူလေးပဲဖြစ်ပါတယ်။

ဒီတစ်ခါမှာတော့ ပရိသတ်တွေအတွက် သရုပ်ဆောင် နေခြည်ဦး က သူမကို Surprise ပန်းစည်းလာလာပို့တဲ့ သူကို ဘယ်အချိန်ထိ ဆက်လုပ်မလဲစောင့်ကြည့်နေတယ် ဆိုတဲ့ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

နေခြည်ဦးက မြန်မာနိုင်ငံရဲ့ Hot အဖြစ်ဆုံးမင်းသမီးတွေထဲက တစ်ဦး ဆိုလည်းမမှားပါဘူး ။ သူမက အရမ်းခေတ်ဆန်တဲ့ဖက်ရှင်တွေနဲ့ နာမည်ကြီး သူလေးပါ။

နေခြည်ဦးက 7th Sense Creation မှ ထုတ်လုပ်တဲ့ အိပ်မက်တွေမိုးထားတဲ့ အိမ်ရုပ်သံဇာတ်လမ်းတွဲကို မိုရီဆာကီဝင်းတို့နဲ့အတူရိုက်ကူးနေတာဖြစ်သလို သရုပ်ဆောင် ဒေါင်းနဲ့လည်း ရိုက်ကူးရေး လုပ်နေတာပါ။

နေခြည်ဦးက သူမကိုအမြဲ Surprise ပန်းစည်းလေးတွေပို့ပေးနေတဲ့သူတစ်ဦးရှိပြီး မကြာသေးခင်ကလည်း သူမကို တန်ဖိုးကြီးအိတ်တစ်လုံးကိုလည်း လက်ဆောင်အဖြစ်ရရှိခဲ့တာပါ။ဘယ်သူက ပေးတဲ့ လက်ဆောင်လို့တော့ မပြောထားပေမယ့် ပရိသတ်တွေကတော့ သူ့ရဲ့ ပြတ်သွားတဲ့ ချစ်သူ က ပေးတဲ့လက်ဆောင်လို့ ထင်ကြေးပေးနေကြတာတွေ့ရပါတယ်။

ဒီတစ်ခါမှာတော့ နေခြည်ဦးက သူမကို ပန်းစည်း ပို့နေတဲ့သူကို ဘယ်အချိန်ထိပို့နေမလဲ စောင့်ကြည့်နေတယ် ဆိုပြီးပြောထားပါတယ်။

နေခြည်ဦး ရဲ့ ပုံရိပ်ကလေးတွေကို ပရိသတ်တွေ သဘောကျလိမ့်မယ် ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။