မသန်စွမ်းဖြစ်သွားတဲ့ အွန်လိုင်းချစ်သူလေးကို မေတ္တာလုံးဝမပျက်တဲ့ အမျိုးသား

အလိမ့်အညာတွေ ပေါများနေတဲ့ အွန်လိုင်ခေတ်ကြီးမှာ ထိုင်းနိုင်ငံသူလေးတစ်ယောက်ရဲ့ ချစ်ခြင်းပုံပြင်တစ်ပုဒ်က စစ်မှန်တဲ့ မေတ္တာတရားတွေရှိနေသးတယ်ဆိုတာကို သက်သေပြနေပါတယ်။

လူမှုကွန်ရက်ကနေပဲ ချစ်သူဖြစ်ခဲ့တဲ့ စုံတွဲလေးဟာ ကံကြမ္မာဆိုးက ၀င်နှောက်ယှက်ခဲပမေဲ့ စစ်မှန်တဲ့ ချစ်ခြင်းနဲ့ ရှေ့ဆက်နေတာကို ပရိသတ်တွေအတွက် ဖော်ပြလိုက်ပါတယ်။

ထိုင်းနိုင်ငံ၊ ချင်းမိုင်က အသက် (၃၁)နှစ်အရွယ် အမျိုးသား Narawut Phongyen ဆိုသူ နဲ့ အသက် (၂၁)နှစ်အရွယ် ကောင်မလေး Patcharaphan Lenkham တို့နှစ်ဦးသားက ဆိုရှယ်မီဒီယာကနေတဆင့် (၇)လကြာ စကားတွေ ပြောခဲ့ပြီးတဲ့နောက်မှာ ချစ်သူတွေ ဖြစ်ခဲ့ကြပါတယ်။

အပြင်မှာတွေ့ဖို့ကို သဘောတူခဲ့ပြီးနောက်မှာတော့ တွေ့မယ့်ရက်ကို စောင့်နေရုံကတပါး ဘာမှမရှိပါဘူး။ စစ်မှန်တဲ့ ချစ်ခြင်းတွေဟာ အခက်အခဲနဲ့ အမြဲကြုံတယ်ဆိုတာကို ပရိသတ်တွေနားလည်ထားတဲ့အတိုင်းပဲ မတွေ့ခင်တစ်ရက်အလိုမှာ ကောင်မလေးက အက်ဆီးဒင့်ကိုမှ ဆိုးဆိုးဝါးဝါးဖြစ်ခဲ့ပါတယ်။

News Flare သတင်းဌာနရဲ့ အဆိုမှာတော့ လည်ပင်းအောက်ပိုင်းလှုပ်မရတဲ့ ရောဂါဖြစ်သွားတယ်လို့ ပါပါတယ်။ ဒါပေမဲ့ သူမဟာ လက်ချောင်းခြေချောင်းတွေကို လှုပ်နိုင်တယ်လို့ ဆိုပါတယ်။ ဒီအကြောင်းအရာကို သိသွားတဲ့အမျိုးသားဟာ သူ့မှာ ပစ်ပြေးဖို့အချိန်တွေ၊ အနေအထေားတွေ အများကြီးရှိပါတယ်။ လုံးဝမလုပ်ခဲ့ပါဘူး။

သူလုပ်ခဲ့တာက ဘိုကင်ယူထားတဲ့ စားသောက်ဆိုင်ကို ပယ်ခဲ့တာကလွဲလို့ ကောင်မလေးရှိရာဆေးရုံကို လိုက်သွားခဲ့ပြီး၊ အဲဒီကတည်းကနေ အခုအချိန်ထိကို မေတ္တာမပျက်ဘဲ အိမ်မှာ မိသားစုဝင်တစ်ယောက်လို နေထိုင်ခဲ့ပါတယ်။ အ၀တ်လျှော်တာကအစ၊ အိမ်သာတည်တာအဆုံးလို့ သိရပါတယ်။

လက်ရှိမှာ အတူတူနေထိုင်လျက်ရှိပြီး၊ ရည်းစားအဖြစ်နဲ့ပဲနေတာလို့ဆိုပါတယ်။ ကောင်မလေးပြန်ကောင်းလာမယ့် အနေအထားရှိတဲ့အတွက် ပြန်ကောင်းလာတဲ့တစ်နေ့မှာ လက်ထပ်ယူမှာဖြစ်သလို မိသားစုဝင်တွေကလည်း အမျိုးသားရဲ့ စိတ်ထားကို အမြဲလေးစားတယ်လို့ ဆိုပါတယ်။ ပရိသတ်တွေအတွက်တော့ ဒီလိုအမျိုးသား ရှိနေသေးတယ်ဆိုတာ ယုံနိုင်မှာတောင် မဟုတ်ပါဘူး။

ဖြစ်ပွားခဲ့တဲ့အချိန်က (၂၀၁၆)ကတည်းကဖြစ်တဲ့အတွက် အခုလို အတူနေလာတာ (၃)နှစ်ကျော် (၄)နှစ်ထဲထိ ရောက်လာပါ။ စကားပြောတာ၊ ခေါင်းကိုထိန်းတာတွေနဲ့အတူ အာရုံကြောတွေဟာ ပြန်ကောင်းလာတာကို တွေ့ရပါတယ်။ အချိန်တော့ ယူရဦးမှာဖြစ်လို့ အမျိုးသားရဲ့ စိတ်ရှည်မှုက အံ့မခန်းမှ အံ့မခန်းလို့ ဆိုရမှာပါပဲ။