ဘယ်သူ့မှ လိုက်မမှီနိုင်အောင် ဂေါ်နေတဲ့ အလန်းစားပုံရိပ်တွေကို ချပြလိုက်တဲ့ ပတ်ထရစ်ရှာ

သေးသွယ်လှပတဲ့ ခန္ဓာကိုယ်ကောက်ကြောင်းနဲ့ ဘိုဆန်ဆန် မျက်နှာလေးကို ပိုင်ဆိုင်ထားလို့ ပရိသတ်တွေရဲ့စိတ်ဝင်စားမှုကို အပြည့်အဝရရှိထားတဲ့ မော်ဒယ်မင်းသမီးချောလေး ပတ်ထရစ်ရှာကတော့ သရုပ်ဆောင်ပိုင်းမှာလည်း ထူးချွန်သူတစ်ဦးပါ။

ဖက်ရှင်ပိုင်းမှာ အရမ်းကျွမ်းကျင်တဲ့ ရှာရှာလေးကတော့ လတ်တလောမှာ အမိုက်စားဖက်ရှင်နဲ့ အရမ်းဂေါ်နေတဲ့ သူမရဲ့အမိုက်စားပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ ခေတ်ဆန်လွန်းတဲ့ ကောင်မလေးအသွင်နဲ့ အရမ်းကြည့်လို့မိုက်နေတဲ့ ရှာရှာလေးရဲ့ပုံရိပ်တွေကတော့ မြင်ရသူတွေကို သဘောကျနှစ်သက်စေပါတယ်နော်။

ချစ်ပရိသတ်တွေအတွက် အမြင်ဆန်းတဲ့ ဖက်ရှင်လေးနဲ့ ဂေါ်ချင်တိုင်းဂေါ်နေတဲ့ မော်ဒယ်မင်းသမီးချောလေး ပတ်ထရစ်ရှာရဲ့ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ရှာရှာလေးကတော့ “Yeah, that’s your problem, so fix it ‘Cause I ain’t none of your business ” ဆိုပြီး သူမရဲ့အမိုက်စားပုံရိပ်တွေကို ဝေမျှပေးထားတာပါ။ ကြော်ငြာတွေရိုက်ကူးပြီး အနုပညာလောကထဲကို ဝင်ရောက်လာတဲ့ ပတ်ထရစ်ရှာကတော့ အခုဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေမှာပါ သရုပ်ဆောင်နေရပြီပဲ ဖြစ်ပါတယ်။

သူငယ်ချင်းတွေကိုလည်း အရမ်းချစ်တတ်တဲ့ ရှာရှာလေးကတော့ အမြဲလိုလို သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါးတွေ့မြင်ရလေ့ရှိပါတယ်။ အချစ်ရေးမှာလည်း ကံကောင်းတဲ့ ပတ်ထရစ်ရှာကတော့ လှည့်ကြည့်စရာမလိုလောက်အောင် စိတ်ချရတဲ့ ချစ်သူကောင်လေးကို ပိုင်ဆိုင်ထားတာပါ။

လက်ရှိမှာ အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက် ပြုလုပ်ဖြစ်နေတဲ့ မင်းသမီးချောလေး ပတ်ထရစ်ရှာကတော့ တလောကလည်း “မဖဲဝါ” ရုပ်ရှင်ကို ထိုင်းက အနုပညာရှင်တွေနဲ့ အတူသရုပ်ဆောင်ထားပါသေးတယ်။

ရှာရှာပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်တွေကိုလည်း ပရိသတ်တွေ သဘောကျနှစ်သက်ကြတာ တွေ့ရပါတယ်။ ချစ်ပရိသတ်တွေလည်း အရမ်းကို ဂေါ်လွန်းတဲ့ ပတ်ထရစ်ရှာလေးကို သဘောကျရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။