သင့်မွေးနေ့နံအလိုက် တခြားသူတွေနဲ့မတူကွဲပြားနေတဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ စိတ်နေစိတ်ထား

ကိုယ့်ရဲ့အပြောအဆို၊ အပြုအမူနဲ့ အမူအကျင့်တွေကိုကြည့်ပြီး ကိုယ်ဘယ်လိုလူမျိုးဆိုတာကို ပတ်ဝန်းကျင်ကသတ်မှတ်လေ့ရှိပါတယ်။ တခါတလေဆိုရင် ကိုယ်တိုင်မသိတဲ့အရာမျိုးကို သူတို့အထင်အမြင်နဲ့သတ်မှတ်လိုက်တာမျိုးလည်းရှိတတ်ပါသေးတယ်။ တကယ်တော့ ဘယ်သူတွေဘယ်လိုသတ်မှတ်ပါစေ၊ သင်ဘယ်လိုလူမျိုးလဲဆိုတာကို သင့်ရဲ့မွေးနေ့က သတ်မှတ်ပြီးသားဖြစ်ပါတယ်။

(၁) တနင်္ဂနွေ – ကံကောင်းတတ်သူ

သွက်လက်ချက်ချာတယ်၊ ဦးဆောင်တတ်တယ်၊ ပညာရေးကံ၊ စီးပွားရေးကံ၊ အချစ်ရေးကံတွေကောင်းတတ်တယ်၊ မဟုတ်မခံတုံ့ပြန်တတ်တယ်၊ ကိုယ့်ကိုလာကြောတာမျိုး လုံးဝလက်မခံဘူး၊ အကြောင်းသိအောင် ပြတတ်တယ်၊ နီရဲတောက်ပတဲ့ ချယ်ရီသီးလေးတွေလိုမျိုး ရဲရင့်တဲ့သူလေးတွေ ဖြစ်ပါတယ်။

(၂) တနင်္လာ – တရားမျှတမှုကိုလိုလားသူ

မိသားစုအပေါ် သံယောဇဉ်ကြီးတယ်၊ ချစ်တယ်၊ ညီအစ်ကိုမောင်နှမတွေကို  စောင့်ရှောက်တတ်တယ်၊ ကြင်နာတတ်တယ်၊ ကာကွယ်ပေးတတ်တယ်၊ သူစိမ်းတွေနဲ့ဆိုရင်  အေးအေးဆေးဆေးနေတတ်ပြီး မိသားစုကို ထိလာရင်တော့ လုံးဝသည်းမခံတတ်ဘူး၊ တရားမျှတမှုကို လိုလားပြီး မျက်စိရှေ့မှာ မတရားတာမြင်ရင်မနေနိုင်ဘဲ ဝင်ပါတတ်တယ်၊ ဆွဲဆောင်မှုရှိတဲ့ ရုပ်ရည်ကို ပိုင်ဆိုင်ထားကြပါတယ်။

(၃) အင်္ဂါ – ဆွဲဆောင်မှုရှိသူ

သတ္တိရှိတယ်၊ စိတ်မရှည်ဘူး၊ တက်ကြွတယ်၊ အောင်မြင်လို စိတ်အရမ်းများတယ်၊ အလုပ်တွေ တစ်ခုပြီးတစ်ခု ဆက်တိုက်လုပ်ရတာကို ပျော်မွေ့တတ်တယ်၊ အမှားလုပ်မိမှာ မကြောက်တတ်ဘူး၊ ကိုယ့်ခံယူချက်နဲ့ ကိုယ်နေတတ်ပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့် ရှိတာကြောင့် လူတွေရဲ့စိတ်အာရုံကို ဆွဲဆောင်ထားနိုင်သူ ဖြစ်ပါတယ်။

(၄) ဗုဒ္ဓဟူး – အံ့သြစရာတွေနဲ့ပြည့်နှက်နေသူ

ပေါင်းသင်းဆက်ဆံရေးကောင်းပေမယ့် ဘာကိုမှ ဂရုမစိုက်တတ်ဘူး၊ ကိုယ့်အတွေးနဲ့ကိုယ်နေတတ်တယ်၊ သူများကိုအနှောက်အယှက်မပေးဘူး၊ တခါတရံအတွင်းစိတ်က ညှိုးငယ်နေတတ်တာမျိုး ရှိပေမယ့် အဲ့ဒါကို လူတွေသိအောင် ထုတ်မပြတတ်ပါဘူး။ ဘယ်လိုအခက်အခဲတွေပဲရှိရှိ အေးအေးဆေးဆေးကျော်ဖြတ်တတ်တဲ့သူတွေ၊ သူများထင်မထားတာတွေကိုလုပ်ပြတတ်တဲ့သူတွေပါ။

(၅) ကြာသပတေး – နားလည်ရခက်တဲ့သူ

အကာင်းမြင်စိတ်ရှိတဲ့သူ၊ သဘောထားကြီးသူ၊ ပျော်ပျော်နေတတ်သူ၊ စိတ်ညစ်စရာတွေကို တွေးတောခံစားမနေဘဲ ဘဝကိုပျော်ပျော်ပဲဖြတ်သန်းတတ်တဲ့သူ၊အပြင်ပန်းက စိတ်မြန်လက်မြန်ရှိပြီး ဒေါသကြီးတတ်တယ်လို့ ထင်ရပေမယ့် စိတ်နေစိတ်ထားကတော့ နူးညံ့တဲ့သူတွေဖြစ်ပါတယ်။

(၆) သောကြာ – ချစ်တတ်၊ ပေးဆပ်တတ်သူ

အတ္တကြီးတယ်လို့ထင်ရပေမယ့် တကယ်တမ်းမှာတော့ တစ်ကိုယ်ကောင်းစိတ်နည်းလွန်းသူ၊ မျှမျှတတတွေးခေါ်တတ်သူ၊ ဖန်တီးမှုအားကောင်းသူ၊ အလှအပကိုခံစားတတ်၊ တန်ဖိုးထားတတ်သူ၊ ချစ်တတ်၊ပေးဆပ်တတ်တဲ့သူတွေဖြစ်ပါတယ်။

(၇) စနေ – အလုပ်ကြိုးစားလွန်းသူ

အမှီအခိုကင်းတယ်၊ လွတ်လပ်တယ်၊ ခေတ်နဲ့အညီနေတတ်တယ်၊စူးစမ်းလေ့လာရတာကြိုက်တယ်၊ ကျိုးကြောင်းဆီလျော်စွာတွေးခေါ်တတ်တယ်၊ စိတ်ကူးယဉ် မဆန်တတ်ဘူး၊ လက်တွေ့ကျတယ်၊ ကွက်ကျော်မြင်တတ်တယ်၊ ကိုယ့်ကိုယ်ကိုအချိန်အအားမထားဘဲ အလုပ်အရမ်း ကြိုးစားတတ်သူလေးတွေဖြစ်ကြတယ်။