ကျောင်းကအပြန် မေမေ့ရဲ့ရှုတင်ကိုသွားရောက်လည်ပတ်ခဲ့ကြတဲ့ အားချစ်နဲ့လဝန်းတို့ရဲ့ ချစ်စရာ Video လေး

အနုပညာလမ်းကြောင်းမှာ ဆယ်စုနှစ်ကျော်တိုင်အောင် အောင်မြင်စွာနဲ့လျှောက်လှမ်းနေတဲ့ ထိပ်တန်းမင်းသမီးချောလေးပါ။ ချစ်ရတဲ့ မိသားစုလေးနဲ့လည်း ပျော်ရွှင်စရာအချိန်လေးတွေကို ဖြတ်သန်းနေတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက်လည်း ဇာတ်ကားကောင်းများရိုက်ကူးနေတာပါ။ 

သူမကတော့အကယ်ဒမီဆုတွေလည်းသိမ်းပိုက်ထားနိုင်ပြီး မြန်မာနိုင်ငံရဲ့အအောင်မြင်ဆုံးမင်းသမီးတွေထဲကတစ်ယောက်ပါ။ရိုးသားဖြူစင်တဲ့စိတ်ဓာတ်လေးတွေကြောင့် တစ်နိုင်လုံးပရိသတ်တွေရဲ့အချစ်တော်ဖြစ်နေရတာပါ။သူမရဲ့အောင်မြင်မှုတွေကလည်း ပရိသတ်တွေသာမက တက်သစ်စအနုပညာရှင်တွေကပါလေးစားနေရတာဖြစ်ပါတယ်။

အခုမှာလည်း ရွှေဆိုင်ကြော်ငြာရိုက်ကူးရေးရိုက်နေတာပါ။ ချစ်သက်ဟာ လွန်ခဲ့တဲ့နာရီပိုင်းက သူမ ရဲ့လူမှုကွန်ယက်စာမျက်နှာတွင် Live Video တင်ထားတာပါ။ ဒါကတော့ သူမရဲ့ရှုတင်လေးကို အားချစ်နဲ့လဝန်းတို့က ကျောင်းအပြန်လာလည်ကြတာပါ။ ပရိသတ်တွေအတွက် ဒီဗီဒီယိုလေးကို တင်ဆက်ပေးလိုက်ပါတယ်။