ငွေကုန်ကြေးကျ သက်သက်သာသာနဲ့ ရိုမန်တစ်ဆန်နိုင်မယ့် နည်းလမ်းများ

ချစ်သူရည်းစားတွေမှ ရိုမန်တစ်ဆန်ရမယ် မဟုတ်ပါဘူး၊ အိမ်ထောင်ပြုပြီးသား လင်မယားတွေကြားမှာလည်း ရံဖန်ရံခါဆိုသလို ရိုမန်တစ်ဆန်တဲ့ အပြုအမူတွေက နှစ်ဦးကြားက ဆက်ဆံရေးကို ပိုမိုနွေးထွေး ခိုင်မြဲစေမှာပါ။

ဒီလို ရိုမန်တစ်ဆန်နိုင်ဖို့ ငွေကုန်ကြေးကျ ခံနိုင်မှ ရိုရမှာ မဟုတ်ဘဲ အခုဖော်ပြပေးမယ့် အကုန်အကျ သက်သာစေမယ့် နည်းလမ်းတွေနဲ့လည်း ရိုမန်တစ်ဆန်နိုင်ပါတယ်။

(၁)  ဆိုရှယ်မီဒီယာတွေပေါ်ကနေ ဘယ်လောက်ချစ်ကြောင်း ပြောဆိုတာမျိုးနဲ့ messenger ကနေ စာတွေ ပို့နေတာမျိုးထက် တခါတရံမှာ ကိုယ့်လက်ရေးနဲ့ ရေးသားထားတဲ့ ရည်းစားစာလေးတွေ ပေးခြင်းကလည်း သင့်ချစ်သူကို ရင်ခုန်စိတ်လှုပ်ရှားသွားစေနိုင်မှာပါ။

(၂) ချစ်သူနဲ့အတူ စားချင်တာတွေ အပြင်မှာ သွားစားတဲ့ date လုပ်ခြင်းကနေ ကိုယ့်ချစ်သူကြိုက်တတ်တဲ့ အစားအစာတွေကို ကိုယ်တိုင်ပြင်ဆင်ပြုလုပ်ပြီး ထမင်းဘူးထည့်ပေးတာမျိုးကို ဖန်တီးပေးနိုင်ပါသေးတယ်။

(၃) ချစ်သူတွေအနေနဲ့ ချစ်သူရည်းစားစဖြစ်ကာစတုန်းက ပထမဦးဆုံး date လုပ်ခဲ့ဖူးတဲ့နေရာတွေ ၊ လျှောက်ခဲ့တဲ့ လမ်းတွေကို နှစ်ယောက်အတူပြန်သွားခြင်းမျိုးကိုလည်း ပြုလုပ်ပေးနိုင်ပါတယ်။

(၄) Anniversary တွေ၊ နေ့ထူးနေ့မြတ်တွေ ဟုတ်ဟုတ်၊ မဟုတ်ဟုတ် ပန်းလေးတစ်ပွင့်လောက် ဝယ်ပြီး အလုပ်ကို သွားကြိုတာမျိုး၊ ညစာထွက်စာတာမျိုးကို ချစ်သူရည်းစားတွေကြားမှာရော ဇနီးမောင်နှံတွေအနေနဲ့ပါ ပြုလုပ်ပေးနိုင်ပါတယ်။

(၅) နှစ်ယောက်လုံးရဲ့ အလုပ်ပိတ်ရက်လို၊ နားရက်လိုနေ့တွေမှာ အစားအသောက်တွေ ပြင်ဆင်ပြုလုပ်ပြီး ပန်းခြံမှာဖြစ်ဖြစ်၊ သဘာဝအလှအပတွေ ခံစားနိုင်မယ့်တနေရာရာမှာ ပျော်ပွစားထွက်ခြင်းမျိုးကို ပြုလုပ်နိုင်ပါတယ်။

(၆) တကယ်လို့ သင့်ချစ်သူက စာအုပ်တွေ ဖတ်ရတာ ကြိုက်နှစ်သက်တဲ့ စာကြမ်းပိုးလေးတစ်ဦးဆိုရင်တော့ သူကြိုက်တတ်တဲ့ စာအုပ်တွေကို ဖတ်ပြတာ၊ စာအုပ်လက်ဆောင် ဝယ်ပေးတာမျိုးတွေနဲ့လည်း ရိုနိုင်ပါသေးတယ်။

(၇) သင့်တို့နှစ်ဦးသား ရိုက်ထားတဲ့ ဓာတ်ပုံတွေကို album လေးတစ်ခုပြုလုပ်ထားပြီး anniversary လိုနေ့မျိုးမှာ အတူတကွ ပြန်လည်ကြည့်ရှုကာ အမှတ်တရတွေကို ပြန်ပြောရင်း ရိုမန်တစ်ဆန်တဲ့ အချိန်တွေကို ဖြတ်သန်းနိုင်ပါသေးတယ်။