သိပ္ပံပညာရှင်​များက ဇာတ်ကားကြည့်ပြီး ငိုတတ်တဲ့သူတွေဟာ ကိုယ်​ချင်းစာတရား အပြည့်​ဝဆုံးလူသား​တွေဖြစ်​​ကြောင်း​ပြော

လူအ​တော်​များများထင်​​တွေးထားကြတဲ့ အယူအဆအလွဲ တစ်​ခုရှိပါတယ်​။ ရုပ်​ရှင်​ကြည့်​ရင်းငိုတဲ့သူ​တွေကို စိတ်​အားနည်းတယ်​၊ အားငယ်​ဝမ်းနည်းလွယ်​တတ်​တယ်​လို့သတ်​မှတ်​ပြီး အထင်​​သေး​လှောင်​​ပြောင်​လိုကြတာပါပဲ။

ဒါ​ပေမဲ့ သိပ္ပံပညာရှင်​ J.Zak ရဲ့ ​လေ့လာမှုမှာ​တော့ ဒီအချက်​ဟာမှားယွင်း​ကြောင်း သက်​​သေပြခဲ့ပြီး သူရဲ့​လေ့လာမှုအရ ရုပ်​ရှင်​ကြည့်​ပြီးငို​လေ့ရှိသူ​တွေဟာ ကိုယ်​ချင်းစာတရားအပြည့်​ဝဆုံးလူသား​တွေဖြစ်​​ကြောင်း ​ထောက်​ခံချက်​​ပေးခဲ့တာပါ။

သူတို့ဟာ န့စဉ်​ဘဝနဲ့ လူ​တွေအ​ပေါ်မှာ စာနာနားလည်​စိတ်​နဲ့ကိုယ်​ချင်းစာတရားကိုသာ အ​ခြေပြုလက်​ကိုင်​ပြီး အား​ပေးဆက်​ဆံတတ်​သူ​တွေဖြစ်​​ကြောင်း Zak ရဲ့​လေ့လာချက်​ကို Elitereaders သတင်းရဲ့​ဖော်​ပြချက်​အရ ​တွေ့ရှိခဲ့ရတာပါ။

ဒီသတင်းကို Elitereaders သတင်းဝက်​ဘ်​ဆိုက်​က​နေ ​ဖော်​ပြသွားခဲ့တာဖြစ်​ပြီး ApannPyay မှ ဘာသာပြန်ရေးသား တင်ပြခြင်းဖြစ်ပါတယ်​။ Zak က ​ပြောဖူးတာရှိပါတယ်​။ အသိစိတ်​အလိုအရ​ပြောမယ်​ဆိုရင်​ ရုပ်​ရှင်​ထဲကအဖြစ်​အပျက်​​တွေဆိုတာ အပြင်​မှာတကယ်​ဖြစ်​​နေတာမဟုတ်​​ပေမယ့်​ သူတို့ရင်​ထဲကစာနာနားလည်​မှုဖြစ်​​ပေါ်လာတဲ့ ခံစားချက်​ကို​ရှောင်​လွှဲလို့မရကြပါဘူး။ ဒါ​ကြောင့်​စိတ်​ပြင်းပြ​ထိခိုက်​စရာ ဇာတ်​ဝင်​ခန်း​တွေမှာ ငို​လေ့ရှိကြတာဖြစ်​ပါတယ်​။

ရင်​ထဲထိရတဲ့ ရုပ်​ရှင်​ကား​တွေကြည့်​ကြတဲ့အခါ လူမှာထွက်​ရှိလာတဲ့​အောက်​ဆီတိုစင်​ဟော်​မုန်းက လူလူချင်းစာနာစိတ်​ကို ပြင်းပြင်းပြပြဖြစ်​​ပေါ်​စေပြီး ​လောကရဲ့ဖြစ်​ပျက်​မှု​တွေကို ပိုပြီးလက်​ခံသ​ဘော​ပေါက်​လွယ်​လာပြီး ပိုပြီး​ပျော်​ရွှင်​ငြိမ်းချမ်းမှုကိုရ​စေတာပါတဲ့။

လူ​ရှေ့သူ​ရှေ့မှာ ရုပ်​ရှင်​ကြည့်​ရင်းငိုကြတဲ့သူ​တွေက ငိုရမှာရှက်​လို့ မျက်​ရည်​​တွေကိုမျိုသိပ်​ထားတတ်​တဲ့သူ​တွေထက်​ စိတ်​ပိုင်းဆိုင်​ရာမာ​ကျောကြပါတယ်​။ လူ​တွေရဲ့အမြင်​ကိုဂရုမစိုက်​တတ်​ဘဲ ကိုယ့်​ရဲ့အားနည်းမှု​တွေပဲဖြစ်​​နေပါ​စေ ရဲရဲရင့်​ရင့်​ ​ဖော်​ပြရဲကြလို့ပါပဲ။

မျက်​ရည်​စက်​​တွေရဲ့ အစွမ်းသတ္တိအရ မျက်​ရည်​ကျလိုက်​တဲ့အခါ လူမှာစိတ်​ပိုင်းဆိုင်ရာသက်​သာရာရမှုကို ရရှိခံစားလိုက်​ကြရပါတယ်​။ ဒါဟာ မျက်​ရည်​စက်​​တွေရဲ့ အစွမ်းသတ္တိ ပါပဲ။ ငို​ကြွေးမိတဲ့ မျက်​ရည်​စက်​​တွေက​နေတစ်​ဆင့်​ လူ​တွေနဲ့စိတ်​ချင်းအဆက်​အသွယ်​ပိုခိုင်​မာလာတာပါပဲ။

ခံစားမှု​တွေက​နေ ​ရှောင်​မ​ပြေးတတ်​ကြသူဖြစ်​တာ​ကြောင့်​ သူတို့က စိတ်​ခံစားမှု တစ်​ခုဖြစ်​​ပေါ်လာရင်​ ​ရှောင်​​ပြေး​ဖို့ထက်​ ဒီခံစားမှုကို အရှိကိုအရှိအတိုင်းမြင်​ကြပြီး ကိုယ့်​မှာဖြစ်​သမျှကိုသိ​အောင်​ကြိုးစားကြပါတယ်​။ ဒါ​ကြောင့်​ ခံစားမှုကိုမပြတဲ့သူ​တွေထက်​ စိတ်​တည်​ငြိမ်​မှုကို ပိုရကြတာပါပဲ။

ဘဝကို အပြည့်​ဝဆုံး ​တွေ့ကြုံရှင်​သန်​ကြတယ်​တဲ့သူ​တွေလည်းဖြစ်​ကြပါတယ်​။ သူတို့က ​လူ​တွေအ​ပေါ်ပိုပြီးယုံကြည်​စိတ်​ချမှုထားတတ်​ကြတယ်​​။ ဒါကလဲ ​အောက်​ဆီတိုစင်​ရဲ့အစွမ်းပါပဲ။

ဒီ​ဟော်​မုန်းက လူ​တွေကြားမှာအပြန်​အလှန်​ယုံကြည်​နားလည်​မှုကို ခိုင်​မာစွာဖြစ်​​ပေါ်​စေတာပါ။ ကိုယ့်​အနီးအနား ပတ်​ဝန်းကျင်​က​လူ​တွေရဲ့တန်​ဖိုးကို အသိအမှတ်​ပြုတတ်​ကြကြီး ချီးကျူးတတ်​ကြပါတယ်လို့ ​ဖော်​ပြထားခဲ့တာကို ချစ်​ပရိသတ်​ကြီးအတွက်​တင်​ဆက်​​ပေးလိုက်​ရပါတယ်​​။