ကမ္ဘာ့အဆင့် (၂၉၀) ရှိ အင်ဒိုကစားသမားကိုရှုံး၍ သက်ထားသူဇာ ပြိုင်ပွဲမှ ထွက်ရ

Myanmar International Series ကြက်တောင်ပြိုင်ပွဲ ဆီမီးဖိုင်နယ်တွင် သက်ထားသူဇာ ရှုံးပွဲကြုံတွေ့မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် Myanmar International Series ကြက်တောင်ပြိုင်ပွဲ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ

ဆီမီးဖိုင်နယ်တွင် မြန်မာအမျိုးသမီးကြက်တောင်ကစားသမား သက်ထားသူဇာမှာ ရှုံးပွဲကြုံတွေ့ခဲ့ရကြောင်း သိရသည်။သက်ထားသူဇာသည် ဆီမီးဖိုင်နယ်တွင် အင်ဒိုနီးရှားကစားသမား မာဟာရာနီဆီကာဘာတာရီနှင့် တွေ့ဆုံခဲ့ပြီး ပထမပွဲငယ်တွင်

(၁၅-၂၁)မှတ်၊ ဒုတိယပွဲငယ်တွင် (၁၇-၂၁)မှတ်ဖြင့် (၂)ပွဲပြတ် အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။သက်ထားသူဇာအနေဖြင့် ဘာတာရီနှင့် ဒုတိယ အကြိမ်မြောက်တွေ့ဆုံမှုတွင် ရှုံးပွဲနှင့်ရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။